“ပိုင်တံခွန်ဆိုတာ မရှိခဲ့ရင် ကျွန်တော်ဆိုတာ ဘာမှမဟုတ်ပါဘူး ဘာမှ မရှိတဲ့ကောင်ပါ ” ဆိုတဲ့ ထက်ပိုင်ရဲ

Posted on

နှုတ်ခမ်းနီမလေးတွေရဲ့သည်းသည်းလှုပ် ချစ်ခင်အားပေးခြင်းကိုခံခဲ့ရတဲ့ မင်းသားချော ပိုင်တံခွန်ဟာဆိုရင် ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာ ပါအောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ လတ်တလောဖြဟ်ပေါ်နေတဲ့ အခြေအနေတွေအရ လူထုလှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က)နဲ့တရားဆွဲခံခဲ့ရပြီး ဖမ်းဆီးထိမ်းသိမ်းခြင်းခံလိုက်ရတာပဲဖြစ်ပါတယ်။

အခုလည်း ပိုင်တံခွန်နဲ့ငယ်ငယ်လေးကတည်းကကျောင်းအတူတူတတ်လာခဲ့တဲ့အရင်းနှီးဆုံးသူငယ်ချင်း ထက်ပိုင်ရဲကကြင်နာတတ်ပြီးစိတ်ရင်းကောင်းတဲ့အပြင်သူ့ကိုဓာတ်ပုံဆရာကောင်းတစ်ယောက်ဖြဟ်အောင်လက်တွဲခေါ်ခဲ့တဲ့ပိုင်တံခွန်ရဲ့အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်။

ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်တဲ့ သူတို့နှစ်ယောက်က (၇) နှစ်ကြာပြီးမှ ပြန်တွေ့ကြတဲ့အခါမှာ ပိုင်တံခွန်က ထက်ပိုင်ရဲကို လက်တွဲခေါ်ခဲ့တာ ဖြစ်ပါတယ်။

ပိုင်တံခွန်က သူအောင်မြင်နေတဲ့အချိန်မှာ တတ်နိုင်သလောက် Support ပေးမယ်ဆိုပြီး သူငယ်ချင်းဖြစ်ချင်တဲ့ အိပ်မက်ကို မေးခဲ့တာ ဖြစ်ပါတယ် ။

ကင်မရာကိုင်ပြီး Video ရိုက်ချင်တယ်လို့ ထက်ပိုင်ရဲက ဖြေခဲ့တာကြောင့် ပိုင်တံခွန်က “သူ့ဆီလာ သူနဲ့သိတဲ့ဆရာတွေဆီမှာ အပ်ပေးမယ် ပညာသင်ပါ ဘဝကိုလျှောက်လှမ်းပါ” ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

သူ့သူငယ်ချင်းကို သူများဆီမှာ အလုပ်သမားမဖြစ်စေချင်တဲ့ ပိုင်တံခွန်က သူ့အနားမှာခေါ်ထားပြီး လိုအပ်တဲ့အကူအညီတွေပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တကယ်တော်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်လာအောင် လမ်းပြပေးရင်း ဘာမှမရှိတဲ့ဘဝကနေ တဖြည်းဖြည်းချင်း အဆင်ပြေလာတဲ့အထိ ပိုင်တံခွန်က Supportပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ထက်ပိုင်ရဲက ” အခုချိန်မှာ သူ့ကိုမလွမ်းဘူးလားလို့ သူအထဲရောက်နေတာတောင် အပြင်မှာ Ro နေတယ် ဘာညာတွေ့တော့ စိတ်မကောင်းဖြစ်မိပါတယ် သူကဒုတိယမိသားစုပါပဲ သူကအရာရာပါပဲ သူငယ်ချင်းကြီးကို အရမ်းလွမ်းမိပါတယ် အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေ ပိုင်တံခွန်ဆိုတာ မရှိခဲ့ရင် ကျွန်တော်ဆိုတာ ဘာမှ မဟုတ်ပါဘူး ဘာမှမရှိတဲ့ကောင်ပါ” ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ်။

ထက်ပိုင်ရဲ ရေးသားချက် အပြည့်အစုံ ကို အောက်တွင်ဖတ်ရှု့နိုင်ပါသည်။