“ပါးစပ်နဲ့ အကုသိုလ်မယူပါနဲ့” ဆိုပြီး ပါးပါးလေးပုတ်လိုက်တဲ့ နေဒွေး
Posted on
နေဒွေးကတော့ အနုပညာ လှုပ်ရှားမှုတွေကို ဆယ်စုနှစ်ကျော်တိုင်အောင် လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ပါတယ်။ မိဘကို လုပ်ကျွေးနေတဲ့ သားလိမ္မာလေး ဖြစ်တာကြောင့် ဘယ်အလုပ်မဆို လုပ်ကိုင်တိုင်း အောင်မြင်မှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။ အလှူရေစက်လက် နဲ့မကွာဆိုတဲ့ စကားအတိုင်း လိုအပ်တဲ့ နေရာတိုင်းသို့ ကိုယ်တိုင်သွားရောက် ကုသိုလ်ယူနေသူတစ်ယောက်ပါ။
လတ်တလောအခြေအနေတွေမှာလည်း စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ ပြည်သူများအတွက် အခြေခံ စားသောက် ကုန်ပစ္စည်းများကို လှူဒါန်းပေးနေတာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။
ဒါ့အပြင် အနုပညာလောကသားထဲက သက်ကြီးရွယ်အိုများကိုလည်း ပြန်လည်ကြည့်ရှုကာ မွန်မြတ်တဲ့ အလှူလေးတွေ လည်း မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။
ယခုလ 11 ရက် နေ့တုန်းကပဲ တစ်ချိန်က ဗီဒီယိုကားတွေရိုက်ခဲ့စဉ် အပြင်တိုက်ကနေခေါ်ရိုက်ပေးခဲ့ဖူးတဲ့ ဒါရိုက်တာ ဦးခင်စောမျိုး အတွက် အခြေခံစားသောက်ကုန်များအပြင် အလှူငွေများနဲ့ သွားရောက်ကန်တော့ကာ ကုသိုလ်ပြုခဲ့ပြန်ပါတယ်။
ယခုလို မျိုးအလှူအတန်းလုပ်တာကို လူအများက သာဓုခေါ် ပီတိဖြစ်ပေမယ့် တချို့ သော သူများက သူ့ကို တိုက်ခိုက်ပြောဆိုတာတွေ ရှိနေပါတယ်။ သူကတော့မည်သူ့ကိုမှ ပြန်လည်ချေပခြင်းမရှိပဲ သူ့ရဲ့ Facebook စာမျက်နှာမှာတော့ ကဗျာလိုလို စာသားတချိုု့ကို ယခုလို ရေးသား ဖော်ပြ ထားတာပါ။
Zawgyi Version