
Posted on





Credit- CeleGabar
Source- MyatThu thu

ပရိသတ်ကြီး အံ့သြသွားအောင် သူမရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ပြုပြင်တော့မယ့် အရာတွေကို တစ်ခုချင်းပြောပြလာတဲ့ မြတ်သူသူ

ပရိသတ်ကြီးရေ မင်းသမီးလေး မြတ်သူသူ လို့ဆိုလိုက် တာနဲ့ သူမရဲ့ဇာတ်ကောင်မြညိုကို တွဲမြင်ကြမယ် ထင်ပါတယ်နော်။ သရုပ်ဆောင်ဘက်မှာလည်း ကျရာဇာတ်ကောင်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ဇာတ်လမ်းတွဲမင်းသမီးတွေထဲက တစ်ယောက်လို့ ဆိုရမှာပါ။

သူမအနေနဲ့လတ်တလောမှာ အနုပညာအလုပ်တွေ ရပ်နားဖြစ်ခဲ့ပြီး ကျန်းမာရေးကြောင့်ဝိတ်တွေတက်လာခဲ့တဲ့ အပေါ်ဝေဖန်မှုများစွာခံခဲ့ရသူလေးပါ။ လက်ရှိမှာတော့”ဒီပုံလေးက အခုလက်ရှိပေါင်ချိန် (150) ဘဝရဲ့အဝဆုံးအချိန်လေးမှာရှိနေတာပါ မနက်ဖြန်ကစပြီး (၁) လတိတိ နေရင် ဝိတ်ချပြီးပုံပြန်တင်ပေး ပါမယ်နော် ဒီတလအတွင်းမှာ တိုင်ပင်ဆွေးနွေးပြီး ဝိတ်ချခဲ့တာလေးတွေလည်း သေချာပြန်တင်ပေးပါမယ် Fighting နော် ကောင်မလေး 😁”ဆိုတဲ့စာလေးနဲ့ သူမရဲ့လူမှုကွန်ရက်မှာပြောပြလာခဲ့တာပါ။

တကယ်ကိုပြောင်းလဲမှုတွေပြုလုပ်တော့ မယ့်မြတ်သူသူ အတွက် အားပေးစကားလေးပြောခဲ့ကြပါဦးပရိသတ်ကြီးရေ။

Credit- CeleGabar
Source- MyatThu thu