
Posted on





Credit:Cele Thadin

ပရိသတ်ကြီးအံ့အားသင့်သွားရလောက်အောင် နိုင်ငံခြားသူလေးတစ်ယောက်လို အမိုက်စားဖက်ရှင်တွေ တစ်မျိုးပြီးတစ်မျိုး ဝတ်ပြနေတဲ့ Smileသမီးကြီး ပေါ်ရှာ

ပရိသတ်ကြီးရေ သရုပ်ဆောင် စမိုင်းလ်တို့ မိသားစု ကတော့ လက်ရှိမှာ မိသားစုနဲ့အတူ အမေရိကားမှာ သွားရောက်နေထိုင် နေတာ ဖြစ်ပါတယ်။ စမိုင်းလ်ဟာ သမီးလေးနှစ်ယောက် ကို မွေးဖွား ထားပြီး သမီးလေးတွေကလည်းလိမ္မာရေးခြားရှိလွန်း တာကြောင့် ပရိသတ်တွေကပါ ချစ်နေရတာ ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ ပြည်ပနိုင်ငံသို့ မထွက်ခွာခင်ကတည်းက လူမှုကွန်ယက်ပေါ်ကနေ ပျောက်ကွယ်နေခဲ့တာ ကြာပါပြီ။

သမီးလေးတွေရဲ့ အနာဂတ်ပိုမို တောက်ပဖို ့အတွက် ပြည်ပနိုင်ငံသို့ ရွှေ့ပြောင်းခဲ့ တာ ဖြစ်ပါတယ်။ သမီးကြီး ပေါ်ရှာကလည်း တဖြည်းဖြည်း အရွယ်ရောက်လာပြီဖြစ်တာကြောင့် အနုပညာလောကသို့ တစ်စစနဲ့ ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ မိခင်ရဲ့ အနုပညာသွေးတွေ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတာကြောင့် အနုပညာလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

သူမရဲ့ လှုပ်ရှားမှုတွေကိုလည်း အမြဲလိုလို ဝေမျှပေးတတ်ပြီး မကြာသေးခင်က ပေါ်ရှာရဲ့ Tik Tok အကောင့်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံခြားသူလေးလို့ ထင်မှတ်မှားရလောက်အောင် အမိုက်စား ဖက်ရှင်တွေ တစ်မျိုးပြီးတစ်မျိုး ဝတ်ပြနေတဲ့ Smile သမီးကြီး ပေါ်ရှာရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ကဲပရိသတ်ကြီးလည်း ကြည့်ရှုနိုင်အောင် ပေါ်ရှာရဲ့ ဗီဒီယိုဖိုင်လေး ကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit:Cele Thadin