
Posted on





Credit -CeleGabar
Source – G- Fatt

ပရိသတ်ကောင်လေးတစ်ယောက်ရဲ့ သူ့ကိုအားပေးကြမ်းမှုကြီးတစ်ခုကို အားရဝမ်းသာစွာနဲ့ ထုတ်ပြလာတဲ့ G-Fatt

ပရိသတ်ကြီးရေG-Fatt ကတော့ ထိမိတဲ့စာသားတွေကို သီဆိုတတ် တာကြောင့် တစ်နိုင်ငံလုံးက ပရိသတ်တွေ အားပေးဝန်း ရံခြင်းခံ ရတဲ့ အဆိုတော်တစ်ဦးဆိုတာ အမှန်ပါပဲနော်။ အခုလက်ရှိ အချိန်ထိ ယောကျာ်းလေးမိန်းကလေး ပရိသတ်တွေသာမက ကလေး အရွယ်တွေကပါ အားပေးဝန်းရံခြင်းခံရသူပါ။

သီချင်းသစ်တွေ ထွက်လာတဲ့အခါတိုင်း ပရိသတ်ရင်ထဲကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ပရိသတ်ရင်ထဲ ထိရှအောင် ဖန်တီးတတ်တဲ့ အဆို ရှင်တစ်ဦးဖြစ်ပြီး လူငယ်တွေလက်တွေ့ဘဝမှာ ကြုံတွေ့ရတတ်တဲ့ အချစ်ရေးပုံစံတွေကို ထိထိမိမိနဲ့ ပုံဖော်ရေးတတ်တဲ့ တေးရေးဆရာတစ်ဦးလို့တောင်တင်စားရမှာပါ။

G-Fatt တစ်ယောက်ကတော့အခုချိန်မှာ သူ့ရဲ့ပရိသတ်တွေနဲ့ အနုပညာအလုပ်တွေကိုပဲ အချိန်ပေးကာ Singleအဖြစ်နဲ့ ပေါ့ပါးပျော်ရွှင်စွာနေထိုင်နေတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့”ပရိတ်သတ်ကောင်လေးတစ်ယောက်ရဲ့ရင်ဘက်မှ 🖤🌻”ဆိုတဲ့စာလေးနဲ့အတူ သူ့ရဲ့သီချင်းစာသားလေးဖြစ်တဲ့”ကောင်လေးကရယ်ရတယ်….ကောင်မလေးကဒီဘဝဒီမျှပဲလို့ပြောတာတောင်…..ပြန်အဆင်ပြေချင်တယ်လို့ဂျီကျတယ်…”ဆိုတဲ့စာသားလေးကို တက်တူးထိုးထားတဲ့ပုံရိပ်လေးကိုတင်လာခဲ့တာပါ။

Credit -CeleGabar
Source – G- Fatt