
Posted on





Source: Wai Lu Kyaw ‘s fb

ပစ်ခတ်ခံရမှုကြောင့် ဘဝတစ်ပါးကိုကူးပြောင်းသွားပြီလို့ သတင်းတွေထွက်ပေါ်နေတဲ့ Myanmar Idol အဆိုတော်ဇင်ကြီးရဲ့ သတင်းအပြည့်အစုံ

Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲ မှာ Voting Number 3 နေရာကနေ ပါဝင်ယှဉ်ပြိုင် ခဲ့တဲ့ ဇင်ကြီးကို ပရိသတ်ကြီး မှတ်မိဦးမယ် ထင်ပါတယ်။ ဇင်ကြီးဟာ စစ်တပ်ထောက်ခံသူတစ်ယောက် လည်းဖြစ်ပြီး တိုင်းပြည်အကျိုး အတွက် အသက်စွန့်ကြိုးပမ်းနေတဲ့ PDF လူငယ်တွေ ကို သူပုန်လို့ ပြောဆိုခဲ့ဖူးသူတစ်ယောက်ဖြစ်ပြီး မနေ့က ဇွန်လ (၅) ရက်နေ့ညပိုင်းမှာတော့ အမည်မသိအဖွဲ့အစည်းရဲ့ ပစ်ခတ်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။

ဇင်ကြီးဟာ ပစ်ခတ်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဝဲဘက်လက်မောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ချိုစောင်းရှပ်ထိဒဏ်ရာ ၁ ချက်၊ ဝဲဘက်မျက်လုံး ဖူးရောင်ဒဏ်ရာ ၁ ချက်၊ ဝဲလက် ကျိုးဒဏ်ရာ၊ ဝဲမျက်လုံးဖောက်ဝင် ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေစဉ် ဒီကနေ့ ဇွန်လ (၆) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီလို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံနေတာပဲဖြစ်ပါတယ်။

ဇင်ကြီးကတော့ လူငယ်တွေ ကို သူပုန်လို့ပြောဆိုခဲ့ပြီးတဲ့ ဝေနာက်မှာ လေးချက်အကစ်ခံခဲ့ရပြီး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တာပဲဖြစ်ပါတယ်။ ဇင်ကြီး ကွယ်လွန်သွားတဲ့သတင်းကိုတော့ မှန်မမှန်ဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

Source: Wai Lu Kyaw ‘s fb
Credit:Cele Active World