နှလုံးရပ်ပြီး ကွယ်လွန်သွားတဲ့မိခင်ရဲ့ ကျန်ရစ်ခဲ့တဲ့ (၆) လအရွယ်သမီးငယ်လေးကို ခေါ်ယူမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

တစ်ချိန်က ရုပ်ရှင်နဲ့ဗွီဒီယို လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားမှူတွေ ရရှိခဲ့တဲ့ ဝါရင့် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ အနုပညာ အလုပ်တွေထက် ပရဟိတ အလုပ်တွေကိုပဲ တစိုက် မတ်မတ်လုပ်ဆောင်လျက်ရှိပါတယ်။

ယခုအချိန်ကာလမှာ စီးပွားရေးကြပ်တည်းပြီး အဆင်မပြေသူတွေကို မမိကိုယ်တိုင်တတ်နိုင်သ၍ လှူဒါန်းသလို အလှူရှင်များနဲ့လည်း ချိတ်ဆက်ကာ ကူညီလှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ယခု ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေသူများကိုလည်း အခြေခံစားသောက်ကုန်တွေကို သွားရောက် ကူညီလှူဒါန်းပေးခဲ့တာလည်း တွေ့ရပါတယ်။

ဒါ့အပြင် ဒီလို အရာရာ ခက်ခဲနေတဲ့ ကာလတွေမှာတောင် အကြောင်း အမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေကို ခေါ်ယူမွေးစားခဲ့ပါတယ် ။ပြီးခဲ့တဲ့ရက်က ရုတ်တရက်မိခင်ဖြစ်သူ ဆုံးပါးခဲ့၍ ကျန်ရစ်သူ ၆လအရွယ်ကလေးကို ခေါ်ယူမွေးစားခဲ့ပါတယ်။

ကျန်ရစ်သူ ၆ လအရွယ်ကလေးရဲ့ သနားစရာအပြည့်နဲ့ ဘဝအကြောင်းလေးကို ယခုလိုပြောပြာလာခဲ့ပါတယ်”ကောင်းရာမွန်ရာကို သွားပါတော့ ရှင်..အမှု ရုံးချိန်းလဲ ပီးပြတ်ပြီး သမီးလေးက်ိုလဲ ကျမတို့ ဂေဟာ ရဲ့ မိသားစုဝင် အဖြစ် သတ်မှတ်လို့ အပီး ခေါ်သွားပါပီနော်..နောက်ဘဝ မှာ ကျန်းမာ သန်စွမ်းလို့ အနိုင်ကျင့် စော်ကား ခံရမှုမှ ကင်းဝေးပြီး ဘဝ အဆက်ဆက် စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာပါစေ..သမီးလေးကို စိတ်ချ လက်ချ ထားပြီး ကျွတ်ရာ လွတ်ရာ သွားပါတော့ ရှင်..အမျှ..အမျှ..အမျှ……(ကွမ်းခြံကုန်း မြို့နယ် မှ မတရားကျင့်ခံရ၍ ကိုယ်ဝန်ဆောင်ခဲ့ရသော မသန်စွမ်း အမျိုးသမီးတစ်ဦး တရားခွင်မှ အပြန် နှလုံးရပ်ပြီး သေဆုံးသွား၍ ကျန်ရစ်ခဲ့သော (၆)လ အရွယ် သမီးလေးကို ကျမတို့ “ခိုင်” မိသားစု မှ ခေါ်ယူမွေးစားခဲ့ပါတယ်ရှင်)”