“တော်လှန်ရေး မအောင်မခြင်း ကျွတ်လွတ်နိုင်မှာမဟုတ်တဲ့ ကျွန်မသားကို တော်လှန်ရေးအတွင်းမှာပဲဆက်ရှိနေမယ်လို့ ကျွန်မယုံကြည်ပါတယ်” ဒေါက်တာသီဟတင်ထွန်းရဲ့မိခင်

Posted on

မန္တလေးက ဒေါက်တာသီဟတင်ထွန်းဟာလည်း နွေဦးတော်လှန်ရေးဆင်နွှဲရင်း ကျည်ဆံထိမှန်ကာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ယနေ့ဇွန်လ(၂၇) ရက်နေ့ဆိုရင် ဒေါက်တာသီဟတင်ထွန်းတစ်ယောက် ဆုံးပါးသွားခဲ့တာ (၃) လပြည့်ပြီပဲဖြစ်ပါတယ်။ တိုင်းပြည်အတွက် အားကိုးအားထားပြုရပြီး ထူးချွန်ထက်မြတ်တဲ့ ကွယ်လွန်သူကိုသီဟတင်ထွန်းကို မိခင်ဖြစ်သူနဲ့ သူငယ်ချင်းအပေါင်း အသင်းတွေက ယနေ့အချိန်ထိ မေ့မရဘဲ လွမ်းဆွတ်သတိရနေကြပါတယ်။ ယနေ့မှာတော့ ဒေါက်တာသီဟတင်ထွန်းရဲ့ မိခင်ဖြစ်သူဟာ လွမ်းဆွတ်သတိရလွန်းလို့ မီးစိမ်းလေးမရှိတော့တဲ့ သားဖြစ်သူရဲ့ Fb Ac ထဲကိုဝင်ကြည့်ရင်း သားလေးရေးထားခဲ့တဲ့ ကဗျာလေးကြောင့် ပိုပြီးဝမ်းနည်းနေခဲ့ပါတယ်။

ဒေါက်တာသီဟတင်ထွန်းရဲ့ မိခင်ဖြစ်သူကတော့ ” (၃)လပြည့်အလွမ်းဒီနေ့(၂၇.၆.၂၀၂၁)တွင် ကျွန်မရဲ့သား ဒေါက်တာသီဟတင်ထွန်းကျဆုံးခဲ့တာ ၃ လပြည့်ပါပြီ။ ဒီ ၃ လဟာ ကျွန်မတို့မိသားစုအတွက် အလွန်ခက်ခဲပင်ပန်းတဲ့ ကာလရှည်ကြီးတစ်ခုဖြစ်ပါတယ်။

ဒီ၃လအတွင်းမှာကျွန်မစိတ်ထဲ…ဒီအချိန်သားသာရှိနေသေးရင်….ဆိုပြီးတမ်းတမိ၊မြင်ယောင်မိတဲ့ အကြိမ်ပေါင်းလည်းမရေမတွက်နိုင်အောင်ပါပဲ။ သက်ရှိထင်ရှားမရှိတော့ပေမဲ့တော်လှန်ရေး မအောင်မခြင်း ကျွတ်လွတ်နိုင်မှာမဟုတ်တဲ့ ကျွန်မသားကို တော်လှန်ရေးအတွင်းမှာပဲဆက်ရှိနေမယ်လို့ ကျွန်မယုံကြည်ပါတယ်။ လူကိုသာသတ်နိုင်မယ်၊ ပြင်းထန်လှတဲ့သူ့ရဲ့ စိတ်ကိုတော့ဘယ်သူမှ ဖိနှိပ်ချုပ်ကိုင်နိုင်လိမ့်မယ်မဟုတ်ပါဘူး။

ကျွန်မသားကျဆုံးပြီလို့အတည်ပြုပြီးပြီးချင်းဆုံးရှုံးလစ်ဟာရတဲ့၊ စိတ်နှလုံးကြေကွဲရတဲ့ ခံစားချက်ကို ဆိုးရွားလွန်းလှလို့ပြန်ပြီး မမှတ်မိချင်တော့ပါဘူး။ ဒါပေမဲ့မေ့ဖျောက်ဖို့လည်း မဖြစ်တော့ခဏခဏပြန်သတိရနေမိပါတယ်။ ဒီ၃ လအတွင်းမှာကျွန်မတို့ ကိုဝိုင်းဝန်းအားပေးနှစ်သိမ့်ပေးကြတဲ့သူတွေ များစွာရှိပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ် ကျွန်တော်တို့က အန်တီ့သားသမီးတွေပါပဲ။

အန်တီ့မှာသားတစ်ယောက်ဆုံးရှုံးရပေမဲ့ သားသမီးတွေအများကြီးပြန်ရတယ်လို့မှတ်ပါတဲ့။ အန်တီကကျွန်တော်တို့ရဲ့အမေပါပဲတဲ့ အစ်ကို့ကိုရည်စူးပြီးအလှူတွေအများကြီးလုပ်ပေးတယ်။ အမေ့ရောဂါကိုလည်းပျောက်အောင်ကုပေးမယ်တဲ့၊ သမီးငြိမ်းက ဆက်ပြီးစောင့်ရှောက်တယ် သမီးလေးစွမ်းက… ကြေကွဲဝမ်းနည်းမှုတွေကိုရင်မှာပိုက်ပြီးနေ့ရော၊ ညပါမနေမနား အလုပ်တွေဆက်လုပ်နေပါတယ်။ အမေပြိုလဲသွားလို့မဖြစ်ဘူးနော်တဲ့။ ဒါနဲ့သမီးလည်းအားတင်းထားပါကွယ်လို့ အပြန်အလှန် အားပေးကြရတယ် အနယ်နယ်အရပ်ရပ်က အားပေးကြသူတွေရယ်၊ အန်တီဖတ်ဖိ့ဆိုပြီးစာတစ်ပုဒ် ရေးပို့လာတဲ့စာရေး ဆရာလေးရယ်၊ (ကျွန်မပြောချင်တာတွေကိုစိတ်ရှည်ရှည်နဲ့ နားထောင်ရင်းကုစားပေးတာ လည်းပါပါတယ်။) သွေးအေးသွား ရင်တော်လှန်ရေး အာပတ်သင့်မှာပဲဆိုတဲ့ ဆရာလေးရယ်၊အမေ့အတွက်ဆေးဆိုပြီး လိုအပ်သမျှဝယ်ပေးနေတဲ့ ဆရာလေးရယ်၊ ပို့ပေးနေတဲ့ သားလေးရယ်၊သူငယ်ချင်းကိုယ်စားသူ့ မိသားစုကိုဆက်ပြီးစောင့်ရှောက် ပေးနေတဲ့ ကလေးတွေရယ် အားလုံးကို ကျေးဇူးတင်ပါတယ်။ အပူမီးတွေနဲ့တောက်လောင် နေတဲ့ကျွန်မရဲ့ နှလုံးသားကိုမေတ္တာရေစင်နဲ့ သွန်းလောင်းပေးကြပါတယ်။ နေ့စဥ်ရက်ဆက်ဒဏ်ရာပေါ်ဒဏ်ရာထပ်ပြီးကျွန်မတို့နှလုံးသားဟာမွမွကြေသလောက်ဖြစ်နေပါပြီ။ဒါပေမဲ့အံကြိတ်ပြီးရှေ့ဆက်ကြရဦးမှာပါပဲ။

ကျွန်မသားရဲ့အကောင့်ထဲကိုခဏခဏဝင်ကြည့်မိတယ်။သူကဗျာလေးတွေ၊သူ့စာလေးတွေလွမ်းစရာတွေ့ရပါတယ်၂၇.၂.၂၀၉၊၁၀:၂၄မနက်ပိုင်းက”ပွဲ”ဆိုတဲ့ခေါင်းစဥ်လေးနဲ့…ဒီကရှေ့လျှောက်ဆိုရင်အလွမ်းဟာသူ့ချည်းသက်သက်အဆက်မပြတ် တရစပ်ပွဲခံ လိမ့်မယ်။ လက်မောင်းအရွယ်ထိန်ပင်ငါးဆယ်အဆောင်ရှေ့မှာကကြမယ်။ ရောက်လေရာအရပ်မှာ အမှတ်ရဖို့ အနည်းငယ် တော့ကျန်နေခဲ့မယ်။ လက်ချင်းချိတ်ပြီးတစ်မျိုးမျ က်ရည်စမ်းစမ်းနဲ့တစ်ဖုံဥသြ သံနဲ့ကျွန်းရွက် ကြွေတွေကြားနွေအကူး လေရူးတွေတိုက်နေတုန်းမှာပေါ့။ဒီကရှေ့လျှောက်ဆိုရင်အလွမ်းဟာသူ့ချည်းသက်သက်။ မိုးယဥ်အလွ မ်းဟာသူ့ ချည်းသက်သက်ကျန်ခဲ့မှာလားသားရယ်။ ၁၉.မေ၂၀၁၈မှာလည်း​ကွေကွင်းရခြင်းဒုက္ခမှလွ တ်မြောက်နိုင်ကြ ပါစေဆိုပြီး တစ်ပုဒ်ရေးခဲ့သေးတယ်။ ကျွန်မတို့ အတွက်ကြိုပြီးရေးခဲ့သလိုပါပဲ။ ချစ်ရပါသောပြည်သူပြည်သား အပေါင်း သာယာသော လူ့ဘောင်ကိုအမြန်ဆုံးတည်ထောင်နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ် ” ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source : Original Uploder