တောင်ဒဂုံက လေဖြတ်ပြီးအလုပ်မလုပ်နိုင်တဲ့ အဖိုးတို့အိမ်ကို အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့တဲ့ ဝေဠုကျော်တို့အဖွဲ့

Posted on

ပရဟိတ မင်းသားကြီး ဝေဠုကျော်ကတော့ အောင်မြင်ကျော်ကြားတဲ့ ဝါရင့် အနုပညာရှင် တစ်ယောက် ဖြစ်သလို လက်ရှိ အခြေအနေတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် အမှန်တကယ် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် ဝေဠုကျော် ဖောင်ဒေးရှင်းကို တည်ထောင်ထားကာ အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းပြီး တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။

ဒီနေ့မှာလည်း လေဖြတ်လို့ အလုပ်မလုပ်နိုင်ပဲ သူများပေးကမ်းတာပဲ စားသောက်နေရတဲ့ အဖိုးကို အခြေခံ စားသောက်ကုန်များ သွားရောက်လှူဒါန်း ပေးခဲ့ပါတယ်။ ဒါ့အပြင် အလှူရှင်များနဲ့ စုပေါင်းပြီး အဖိုးတို့ မိသားစုလေး လုံခြုံစွာနေထိုင်ဖို့ အိမ်လေး ဆောက်ပေးရန် စီစဉ်နေတယ်လို့လည်း သိရပါတယ်။

အလှူလက်ခံရရှိတဲ့ ပုံရိပ်လေးတွေနဲ့ အတူ ” 19-6-2021 တောင်ဒဂုံ ကျူးက လေဖြတ်အဖိုးတို့ အိမ်ကို တနေ့က သွားခဲ့ပြီး အဖိုးတို့လတ်တလော အိမ်ဆောက်နေချိန် စားသောက်ရေး အဆင်ပြေစေဖို့ ဆန် ၆ပြည် ဆီ ကုလားပဲ ကြက်သွန်နီ ဟင်းချက်စရာ အလှူငွေ အပြင် အဖိုးတို့ လင်မယားအတွက် အဝတ်အထည် အသစ်လေးတွေပါ ယူသွားပြီး ထောက်ပံပေးခဲ့ပါတယ်။

အိမ်ဆောက်ဖို့ ရပ်ကွက်လူကြီး အကြောင်းကြား ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ နောက်မှ သိရတာက အဖိုးတို့လင်မယားမှာ အသက် ၁၃နှစ် လူမမယ် သားငယ်လေး တစ်ယောက်ပါ ရှိနေပါသေးတယ်။ အဖိုးက ကြာကြာရပ်ရင် ခြေထောက်က တဆတ်ဆတ်တုန်လာတတ်တော့ အလုပ်သိပ်လုပ်နိူင်ပုံမရပါ။ သူများပေးကမ်းစာနဲ့ပဲ စားသောက်နေရပုံ ရပါတယ်။နေစရာလေး လုံခြုံသွားရင် တော့ သူတို့အတွက် တစ်ခုတော့ ပြေလည်အဆင်ပြေသွားမှာပါ။ လှူဒါန်းပေးကြသော အလှူရှင်များ အားလုံးအား အဖိုးတို့ မိသားစုနှင့်အတူ ကျေးဇူးတင်ရ ပါတယ်။” ဆိုပြီး အလှူအေကြာင်းအရာလေးကိုပါ သူ့ရဲ့ လူမှုကွန်ယက် page က နေပြီး ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Na Nge (Rangoon Times)

Zawgyi Version

ပရဟိတ မင္းသားႀကီး ေဝဠဳေက်ာ္ကေတာ့ ေအာင္ျမင္ေက်ာ္ၾကားတဲ့ ဝါရင့္ အႏုပညာရွင္ တစ္ေယာက္ ျဖစ္သလို လက္ရွိ အေျခအေနေတြမွာလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အမွန္တကယ္ စားဝတ္ေနေရး ခက္ခဲေနၾကတဲ့ ျပည္သူေတြ အတြက္ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းကို တည္ေထာင္ထားကာ အေျခခံ စားေသာက္ကုန္ေတြ ေပးေဝလႉဒါန္းၿပီး တတ္နိုင္သေလာက္ ေဖးမကူညီေနတာလည္း ျဖစ္ပါတယ္။

ဒီေန႔မွာလည္း ေလျဖတ္လို႔ အလုပ္မလုပ္နိုင္ပဲ သူမ်ားေပးကမ္းတာပဲ စားေသာက္ေနရတဲ့ အဖိုးကို အေျခခံ စားေသာက္ကုန္မ်ား သြားေရာက္လႉဒါန္း ေပးခဲ့ပါတယ္။ ဒါ့အျပင္ အလႉရွင္မ်ားနဲ႔ စုေပါင္းၿပီး အဖိုးတို႔ မိသားစုေလး လုံျခဳံစြာေနထိုင္ဖို႔ အိမ္ေလး ေဆာက္ေပးရန္ စီစဥ္ေနတယ္လို႔လည္း သိရပါတယ္ ။

အလႉလက္ခံရရွိတဲ့ ပုံရိပ္ေလးေတြနဲ႔ အတူ ” 19-6-2021 ေတာင္ဒဂုံ က်ဴးက ေလျဖတ္အဖိုးတို႔ အိမ္ကို တေန႔က သြားခဲ့ၿပီး အဖိုးတို႔လတ္တေလာ အိမ္ေဆာက္ေနခ်ိန္ စားေသာက္ေရး အဆင္ေျပေစဖို႔ ဆန္ ၆ျပည္ ဆီ ကုလားပဲ ၾကက္သြန္နီ ဟင္းခ်က္စရာ အလႉေငြ အျပင္ အဖိုးတို႔ လင္မယားအတြက္ အဝတ္အထည္ အသစ္ေလးေတြပါ ယူသြားၿပီး ေထာက္ပံေပးခဲ့ပါတယ္။ အိမ္ေဆာက္ဖို႔ ရပ္ကြက္လူႀကီး အေၾကာင္းၾကား ေဆြးေႏြးတိုင္ပင္ခဲ့ၾကပါတယ္။ ေနာက္မွ သိရတာက အဖိုးတို႔လင္မယားမွာ အသက္ ၁၃ႏွစ္ လူမမယ္ သားငယ္ေလး တစ္ေယာက္ပါ ရွိေနပါေသးတယ္။ အဖိုးက ၾကာၾကာရပ္ရင္ ေျခေထာက္က တဆတ္ဆတ္တုန္လာတတ္ေတာ့ အလုပ္သိပ္လုပ္နိူင္ပုံမရပါ။ သူမ်ားေပးကမ္းစာနဲ႔ပဲ စားေသာက္ေနရပုံ ရပါတယ္။ေနစရာေလး လုံျခဳံသြားရင္ ေတာ့ သူတို႔အတြက္ တစ္ခုေတာ့ ေျပလည္အဆင္ေျပသြားမွာပါ။ လႉဒါန္းေပးၾကေသာ အလႉရွင္မ်ား အားလုံးအား အဖိုးတို႔ မိသားစုႏွင့္အတူ ေက်းဇူးတင္ရ ပါတယ္။” ဆိုၿပီး အလႉေအၾကာင္းအရာေလးကိုပါ သူ႔ရဲ့ လူမႈကြန္ယက္ page က ေနၿပီး ေရးသားထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Na Nge (Rangoon Times)