တရားရံုးမွာ ကြာရွင္းလက္မွတ္ထိုးဖို႕ အလွဆံုးျပင္ဆင္ၿပီး သြားတဲ့အမ်ိဳးသမီးဟာ စကစနဲ႕ပတ္သက္တယ္လို႕ စြတ္စြဲခ်က္ကို ျပန္လည္ေျဖရွင္းလာတဲ့ ညီမျဖစ္သူ

Posted on

တရားရံုးမွာ ကြာရွင္းလက္မွတ္ထိုးဖို႕ အလွဆံုးျပင္ဆင္ၿပီး သြားတဲ့အမ်ိဳးသမီးဟာ စကစနဲ႕ပတ္သက္တယ္လို႕ စြတ္စြဲခ်က္ကို ျပန္လည္ေျဖရွင္းလာတဲ့ ညီမျဖစ္သူ

မေန႔က ဒီဇင္ဘာလ (၂၈) ရက္ေန႔မွာေတာ့ မႏၲေလးၿမိဳ႕က အမ်ိဳးသမီး တစ္ေယာက္ဟာ အလွဆုံ းဝတ္စားျပင္ဆင္ၿပီး တရား႐ုံးမွာ ကြာရွင္းလက္မွတ္ထိုးခဲ့တဲ့ ဓာတ္ပုံေတြဟာ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ ပ်ံ႕ႏွံ့လာခဲ့ပါတယ္။ အဆိုပါ အမ်ိဳးသမီးဟာ သီရိသုဓမၼသိဂႌဘြဲ႕ရၿပီး စစ္တပ္နဲ႔ ဆက္ႏြယ္ေနသူတစ္ဦးဆိုၿပီး ေဝဖန္မႈေတြမ်ားျပားလာခဲ့ၿပီး အဆိုကိစၥနဲ႔ပက္သတ္ၿပီး ကာယကံရွင္အမ်ိဳးသမီးရဲ့ ညီမျဖစ္သူက အခုလိုပဲေျဖရွင္းေပးလာခဲ့ပါတယ္။

“ကၽြန္မအစ္မနာမည္က မသီရိခ်ိဳပါရွင္!! သီရိသုဓမၼသိဂႌ မဟုတ္ရပါဘူး။ ဘယ္ဘြဲ႕မွလဲ မယူဖူးပါဘူး ဘယ္ေဘာမွလဲ မမရပါဘူး! ဒီေန႔ ဝတ္စားဆင္ယင္တာကလဲ သူဘယ္လိုေနတယ္ ဝတ္တတ္တယ္ဆိုတာ မႏၲေလးတစ္ၿမိဳ႕လုံးသိပါတယ္။ အိမ္ၿခံေၿမ အက်ိဳးေဆာင္ကုမၸဏီလုပ္တဲ့အေပၚမွာ လူသိမ်ားေပမယ့္ ခရိုနီလဲမဟုတ္ ဘယ္သူနဲ႔မွလဲ ေပါင္းမစားဖူးပါဘူး။ မဟုတ္တဲ့သတင္းေတြနဲ႔ ယုတ္မာၿပီး ေအာက္တန္းမက်ၾကပါနဲ႔ေနာ္။ အမ်ိဳးသမီးတစ္ေယာက္ ဒီလိုလက္မေထာင္ပီးေနနိုင္ဖို႔ဆိုတာ ကိုယ္ဆိုရင္ေရာဆိုတဲ့ ကိုယ္ခ်င္းစာစိတ္နဲ႔ေတြးၾကည့္ပါ။”

“ဒီေခတ္မွာ ေငြရွိတဲ့ သူတိုင္းကို ေဘာမဆိုပီး ရိုက္ခ်ိဳးဖ်က္စီးခ်င္တဲ့ သူေတြရဲ့ ေအာက္တန္းက်တဲ့ စိတ္ဓါတ္ကိုလဲ အံ့ဩမိတယ္။ ဒီအခ်ိန္မွာ ကိုယ့္ရဲ့မဟုတ္မွန္တဲ့သတင္းေၾကာင့္ သူတပါးအသက္ အိုးအိမ္ထိခိုက္နိုင္တာကို သိရက္နဲ႔ဖြ ရင္ေတာ့ အရမ္းကို လူမဆန္တဲ့လုပ္ရပ္ပါပဲ။ တိုင္းျပည္ မေအးခ်မ္းေနတဲ့အခ်ိန္မွာ ကၽြန္မအစ္မမွာလဲ သူ႔အိမ္ေထာင္နဲ႔ပူေဆြးေသာကေရာက္ခဲ့ ရတာ2ႏွစ္နီးပါးရွိပါၿပီ။ အခုမွ သူ႔ဘဝ ေအးခ်မ္းသြားလို႔ ဒီလိုစိတ္ထားနိုင္တာ ဒီအေျခအေနေရာက္ေအာင္ သူဘယ္ေလာက္ႀကိဳးစားခဲ့ရလဲ ကိုယ္ေတြအသိဆုံးပါ။ ေနာက္ၿပီး ခ်မ္းသာတိုင္းေဘာမမဟုတ္တာကို ဘယ္လိုရွင္းျပရမယ္ေတာ့မသိပါဘူးရွင္။ ေဘာမမပဲလဲ ရိုးသားစြာရွာေဖြၿပီး ေအာင္ျမင္စြာရပ္တည္ေနတဲ့ အမ်ိဳးသမီးေကာင္းေတြလဲ ျမန္မာျပည္မွာ အမ်ားႀကီးရွိပါတယ္လို႔!! (နိုင္ငံေရးေတာ့ထည့္မေျပာေတာ့ဘူးရွင့္ က်မတို႔အဲ့ေလာက္ မအဘူး)”ဆိုၿပီး ေျဖရွင္းေပးလာခဲ့တာပဲျဖစ္ပါတယ္။

Source: Thida Myint ‘s fb
Credit:Myanmar Celebrities

တရားရုံးမှာ ကွာရှင်းလက်မှတ်ထိုးဖို့ အလှဆုံးပြင်ဆင်ပြီး သွားတဲ့အမျိုးသမီးဟာ စကစနဲ့ပတ်သက်တယ်လို့ စွတ်စွဲချက်ကို ပြန်လည်ဖြေရှင်းလာတဲ့ ညီမဖြစ်သူ

မနေ့က ဒီဇင်ဘာလ (၂၈) ရက်နေ့မှာတော့ မန္တလေးမြို့က အမျိုးသမီး တစ်ယောက်ဟာ အလှဆုံ းဝတ်စားပြင်ဆင်ပြီး တရားရုံးမှာ ကွာရှင်းလက်မှတ်ထိုးခဲ့တဲ့ ဓာတ်ပုံတွေဟာ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပျံ့နှံ့လာခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးဟာ သီရိသုဓမ္မသိင်္ဂီဘွဲ့ရပြီး စစ်တပ်နဲ့ ဆက်နွယ်နေသူတစ်ဦးဆိုပြီး ဝေဖန်မှုတွေများပြားလာခဲ့ပြီး အဆိုကိစ္စနဲ့ပက်သတ်ပြီး ကာယကံရှင်အမျိုးသမီးရဲ့ ညီမဖြစ်သူက အခုလိုပဲဖြေရှင်းပေးလာခဲ့ပါတယ်။

“ကျွန်မအစ်မနာမည်က မသီရိချိုပါရှင်!! သီရိသုဓမ္မသိင်္ဂီ မဟုတ်ရပါဘူး။ ဘယ်ဘွဲ့မှလဲ မယူဖူးပါဘူး ဘယ်ဘောမှလဲ မမရပါဘူး! ဒီနေ့ ဝတ်စားဆင်ယင်တာကလဲ သူဘယ်လိုနေတယ် ဝတ်တတ်တယ်ဆိုတာ မန္တလေးတစ်မြို့လုံးသိပါတယ်။ အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီလုပ်တဲ့အပေါ်မှာ လူသိများပေမယ့် ခရိုနီလဲမဟုတ် ဘယ်သူနဲ့မှလဲ ပေါင်းမစားဖူးပါဘူး။ မဟုတ်တဲ့သတင်းတွေနဲ့ ယုတ်မာပြီး အောက်တန်းမကျကြပါနဲ့နော်။ အမျိုးသမီးတစ်ယောက် ဒီလိုလက်မထောင်ပီးနေနိုင်ဖို့ဆိုတာ ကိုယ်ဆိုရင်ရောဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့တွေးကြည့်ပါ။”

“ဒီခေတ်မှာ ငွေရှိတဲ့ သူတိုင်းကို ဘောမဆိုပီး ရိုက်ချိုးဖျက်စီးချင်တဲ့ သူတွေရဲ့ အောက်တန်းကျတဲ့ စိတ်ဓါတ်ကိုလဲ အံ့ဩမိတယ်။ ဒီအချိန်မှာ ကိုယ့်ရဲ့မဟုတ်မှန်တဲ့သတင်းကြောင့် သူတပါးအသက် အိုးအိမ်ထိခိုက်နိုင်တာကို သိရက်နဲ့ဖွ ရင်တော့ အရမ်းကို လူမဆန်တဲ့လုပ်ရပ်ပါပဲ။ တိုင်းပြည် မအေးချမ်းနေတဲ့အချိန်မှာ ကျွန်မအစ်မမှာလဲ သူ့အိမ်ထောင်နဲ့ပူဆွေးသောကရောက်ခဲ့ ရတာ2နှစ်နီးပါးရှိပါပြီ။ အခုမှ သူ့ဘဝ အေးချမ်းသွားလို့ ဒီလိုစိတ်ထားနိုင်တာ ဒီအခြေအနေရောက်အောင် သူဘယ်လောက်ကြိုးစားခဲ့ရလဲ ကိုယ်တွေအသိဆုံးပါ။ နောက်ပြီး ချမ်းသာတိုင်းဘောမမဟုတ်တာကို ဘယ်လိုရှင်းပြရမယ်တော့မသိပါဘူးရှင်။ ဘောမမပဲလဲ ရိုးသားစွာရှာဖွေပြီး အောင်မြင်စွာရပ်တည်နေတဲ့ အမျိုးသမီးကောင်းတွေလဲ မြန်မာပြည်မှာ အများကြီးရှိပါတယ်လို့!! (နိုင်ငံရေးတော့ထည့်မပြောတော့ဘူးရှင့် ကျမတို့အဲ့လောက် မအဘူး)”ဆိုပြီး ဖြေရှင်းပေးလာခဲ့တာပဲဖြစ်ပါတယ်။

Source: Thida Myint ‘s fb
Credit:Myanmar Celebrities