
Posted on





Source: Myo Minn Soe’s fb

တရားရုံးမှာ ကွာရှင်းလက်မှတ်ထိုးပြီးအပြန် သူ့ရဲ့ဆိုင်မှာ သိန်းရာချီပြီး ကြာချိတ်တွေအားပေးသွားတဲ့Customerကြောင့် အရမ်းအံ့သြနေတဲ့ ဒီဇိုင်နာမျိုးမင်းစိုး

နာမည်ကြီ းထိပ်တန်း ဒီဇိုင်နာ တစ်ယောက်ဖြစ်တဲ့ ဒီဇိုင်နာမျိုးမင်းစိုးကိုတော့ ပရိသတ်ကြီး အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒီဇိုင်နာမျိုးမင်းစိုး ကတော့ နိုင်ငံကျော်ပုဂ္ဂိုလ်၊ မင်းသား၊ မင်းသမီးတွေရဲ့ ဝတ်စုံတွေကိုလည်း တာဝန်ယူချုပ်လုပ်ပေးရတာဖြစ်ပြီး စိန်စီဝတ်စုံ၊ ရွှေဝတ်စုံတွေကိုလည်း ဂုဏ်ယူစွာနဲ့ ဖန်တီးတတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ ကျော်ကြားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်း ဒီဇိုင်နာမျိုးမင်းစိုးက သူ့ရဲ့ဆိုင်ကို လာရောက်သွားတဲ့ Customer တစ်ယောက်ကြောင့် အံ့သြရတယ်ဆိုပြီးပြောလာပါတယ်။

ဒီဇိုင်နာမျိုးမင်းစိုးက “ဒီနေ့တရားရုံ:မှာ ကွာရှင်းလက်မှတ်ထိုးပြီး အပြန် ပါဝင်ကူညီပေးကြတဲ့မိတ်ဆွေ အပေါင်းအသင်းတွေ လက်ဆောင်ပေးဖို့ သိန်း(၁၀၀)ကျော်ဖိုးကြာချိတ်တွေ(၁၀)ကွင်းကျော် အများကြီးလာအားပေးသွားတဲ့အမရေ အမေးဇင်းပါနော်။ တရားရုံ:မှာကွာရှင်းလက်မှတ်ထိုးမှ ာခုလိုဝတ်စားဆင်ယင်ပြီးသွားတာ ခုပထမဆုံးမြင်ဖူးခြင်းပါ။ပျော်ပျော်နေပြီးအလှကြိုက်တဲ့ဘော်ဒါကြီးမသီရီချိုထာဝရပျော်ရွှင်ချမ်းမြေ့ပါစေနော်…..” ဆိုပြီး ပြောလာပါတယ်။

ဒီဇိုင်နာမျိုးမင်းစိုးက တရားရုံးမှာကွာရှင်း လက်မှတ်ထိုးပြီးအပြန် သိန်း(၁၀၀) ဖိုး ကြာချိတ်တွေ ဝယ်ယူအားပေးသွားတဲ့ Customer ကြောင့် အံ့သြနေရသလို ပရိသတ်တွေကလည်း ကွာရှင်းလက်မှတ်ထိုးဖို့ အကောင်းဆုံးပြင်ဆင်ခြယ်သသွားတဲ့ အမျိုးသမီးကို အံ့သြနေကြတာပဲဖြစ်ပါတယ်။

Source: Myo Minn Soe’s fb
Credit:Myanmar Celebrities