တတိယလှိုင်းမှာ စားဝတ်နေရေး ခက်ခဲမှုကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် တကယ့်ကိုမွန်မြတ်လှတဲ့ အလှူးလေးတစ်ခုကို လှူဒါန်းခဲ့တဲ့ ရေဗက္ကာဝင်း

Posted on

ပရိတ်သတ်ကြီးရေ ပြည်သူချစ် အမျိုးသမီး ဂီတအနုပညာရှင် တစ်ယောက်ဖြစ်တဲ့ အဆိုတော်ရေဗက္ကာဝင်းဟာဆိုရင် တေးသီကောင်းတွေကို သီဆိုရင်းဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲဖြဟ်ပါတယ်။ အသံပါဝါ အားကောင်းကောင်းနဲ့ သူမသီဆိုခဲ့တဲ့သီချင်းတစ်ပုဒ်ချင်း ဆီတိုင်းကလည်း ပရိတ်သတ်တွေရဲ့အကြိုက်နဲ့ထပ်တူ ကြခဲ့တဲ့အတွက် သီချင်းသစ်တစ်ပုဒ် ထွက်တိုင်းမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်တွေ ပြည်သူတွေကို အဖက်ဖက်ကနေ တတ်နိုင်သလောက် အားဖြည့်ပါဝင်ပေးနေတဲ့ ရေဗက္ကာဝင်းကတော့ လှူဒါန်းမှုတွေ ပြုလုပ်နေတာကိုလည်း ပရိသတ်တွေ မကြာခဏဆိုသလို မြင်တွေ့ရမှာပါ။

အခုလည်း Rebecca Win fan club မှာရောင်း ချခဲ့တဲ့ Charity Sale ရောင်းရငွေထဲက အလှူငွေဆယ်သိန်းကို Covid တတိယလှိုင်း ရင်ဆိုင်နေရတဲ့ ပြည်သူများနဲ့ စားဝတ်နေရေး ခက်ခဲနေတဲ့ပြည်သူများအတွက် ရက်ရက်ရောရော လှူဒါန်းခဲ့ပါတယ်။ (၇) ရက်သားသမီးအားလုံး သာဓုခေါ်နိုင်ဖို့ အတွက်လည်း အလှူမှတ်တမ်းပုံတွေကို ဖော်ပြထားရာ ပရိသတ်ကြီး အတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi Version


