
Posted on





Source – Khine Hnin Wai
Credit – CeleGabar

တစ်ခြားကလေးကိုချီပြီး သူ့ကိုမချီလို့ အတင်းကပ်ချွဲနေတဲ့ အာကြီးရဲ့ဗီဒီယိုဖိုင်းလေးကို ပြန်လည်မျှဝေလာတဲ့ မေမေခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ခိုင်နှင်းဝေ တစ်ယောက် သူ့ရဲ့ဂေဟာ မှာ ခေါ်ယူမွေးစား ထားတဲ့ ကလေးတွေထဲက ခိုင်ထက်ဦးမောင် (ခ)အာကြီးကိုတော့ ပရိသတ်တွေ ပိုလို့သတိထား မိမယ် ထင်ပါတယ်။ ဘဝအကျိုးပေးကံမေ ကာင်းတာကြောင့် မေမေခိုင်နှင်းဝေ ကရော ပရိသတ်တွေကပါ အာကြီးကို သနားချစ်နဲ့အချစ်ပိုနေကြရပါသေးတယ်။

အာကြီးကလည်း အရွယ်နဲ့ မလိုက်အောင် ချစ်ဖို့ကောင်းလွန်းလှပြီး မေမေခိုင်နှင်းဝေရော ပရိသတ်တွေပါ အချစ်ပိုရလောက်အောင် လည်း ချွဲတတ်လွန်းလှပါတယ်။ ဒီနေ့မှာလည်း မေမေခိုင်နှင်းဝေက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ကို မချီဘဲ တစ်ခြား တစ်ယောက်ကို ချီထားတာကြောင့် အာကြီးတစ်ယောက် မေမေခိုင်နှင်းဝေရဲ့အနားကို အတင်းကပ်ကာ ချွဲနေတဲ့ အာကြီးရဲ့ ချွဲပုံချွဲနည်းတွေကို သဘောကျနေခဲ့ပြီး ဗီဒီယိုလေးရိုက်ကာမျှဝေလာခဲ့ပါတယ်။

အာကြီးကတော့ တကယ်ကိုပဲ မေမေခိုင်နှင်း တစ်ယောက် အချစ်တွေပိုလည်း ပိုရလောက်အောင် ကို ချွဲနေတာနော်။ ပရိသတ်ကြီးတွေကိုလည်း ချစ်စရာကောင်းလောက်အောင် မေမေခိုင်နှင်းဝေ ကို ချွဲနေတဲ့ အာကြီးရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည် မျှဝေဖော်ပြပေး လိုက်ပါတယ်နော်။

Source – Khine Hnin Wai
Credit – CeleGabar