တစ္ေယာက္နဲ႕တစ္ေယာက္ အတိတ္ကျဖစ္ရပ္ေတြ ငယ္က်ိဳးငယ္နာေတြကို ေဖာ္ရင္းျပသနာေတြတက္ကာ မၿပီးႏိုင္ေသးတဲ့ ေနေဒြးရဲ႕ရည္းစား အေဟာင္းနဲ႕အသစ္

Posted on

တစ္ေယာက္နဲ႕တစ္ေယာက္ အတိတ္ကျဖစ္ရပ္ေတြ ငယ္က်ိဳးငယ္နာေတြကို ေဖာ္ရင္းျပသနာေတြတက္ကာ မၿပီးႏိုင္ေသးတဲ့ ေနေဒြးရဲ႕ရည္းစား အေဟာင္းနဲ႕အသစ္

သ႐ုပ္ေဆာင္ ေနေဒြ းကေတာ့ ဗီဒီယို ဇာတ္ကားေတြနဲ႔ နာမည္ရလာခဲ့သူ တစ္ေယာက္ျဖစ္ၿပီး ေနာက္ပိုင္း မွာေတာ့ အႏုပညာ အလုပ္ေတြထက္ စီးပြားေရးအလုပ္ေတြကိုသာ ဦးစားေပးလုပ္ကိုင္လာ ခဲ့တာျဖစ္ပါတယ္။ ေနေဒြးက သူ႔ရဲ႕အခ်စ္ေရး ကိစၥေတြနဲ႔လည္း နာမည္ႀကီးသူျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ သူ႔ရဲ႕ရည္းစားေဟာင္းနဲ႔ လူမႈကြန္ယက္ စာမ်က္ႏွာမွာ ျပႆနာေတြတက္ခဲ့ၾကေသးတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ ျပႆနာက မၿပီးျပတ္ေသးပဲ ဒီေန႔မွာလည္း ေနေဒြးရဲ႕ရည္းစားေဟာင္း Htang Ra နဲ႔ လက္ရွိရည္းစား Jelly Jelly တို႔က ျပႆနာေတြထက္ျဖစ္လာေနခဲ့ျပန္ပါတယ္။

ေနေဒြးရဲ႕လက္ရွိရည္းစား Jelly Jelly က Htang Ra ဟာ ပညာမတတ္တဲ့ အျပင္ သူမ ေျပာတဲ့ ေကာဆိုတာဟာ တ႐ုတ္မင္းသား တစ္ေယာက္သာျဖစ္ၿပီး အျပင္မွာတကယ္မရွိတဲ့လူ ဆိုၿပီး ေဖာ္ထုတ္ခဲ့သလို သူမရဲ႕သူငယ္ခ်င္းေတြ ကလည္း Htang Ra ဟာ KTV မွာ အလုပ္လုပ္သူျဖစ္ၿပီး ပိုက္ဆံရွိေယာက်ာ္းေတြဆီက ခ်ဴစားေနတယ္ဆိုၿပီး ေျပာဆိုခဲ့ၾကတာပဲျဖစ္ပါတယ္။ Htang Ra ဟာလည္း ေနေဒြးရဲ႕ရည္စားဟာ အရင္ကအိမ္ေထာင္က်ဖူးသူ တစ္ေယာက္ျဖစ္တယ္လို႔ ေနေဒြးလက္ရွိရည္းစားရဲ႕အတိတ္က ပုံရိပ္ေတြကိုပါ ခ်ျပလာခဲ့တာပဲျဖစ္ပါတယ္။

ေနေဒြးရဲ႕ ရည္းစားေဟာင္းနဲ႔ လက္ရွိ ရည္းစားတို႔ကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ငယ္က်ိဳးငယ္နာေတြေဖာ္ရင္း ျပႆနာေတြတက္ေနၾကဆဲျဖစ္ပါတယ္။ ေနေဒြးရဲ႕ လူမႈေရးျပႆနာေတြကေတာ့ အခုခ်ိန္ထိ မၿပီးဆုံးႏိုင္ေသးတာ ပရိသတ္ႀကီးလည္း အေတြ႕ပဲျဖစ္ပါတယ္။

Source: Jelly Jelly’s fb
Credit:Cele Active World

တစ်ယောက်နဲ့တစ်ယောက် အတိတ်ကဖြစ်ရပ်တွေ ငယ်ကျိုးငယ်နာတွေကို ဖော်ရင်းပြသနာတွေတက်ကာ မပြီးနိုင်သေးတဲ့ နေဒွေးရဲ့ရည်းစား အဟောင်းနဲ့အသစ်

သရုပ်ဆောင် နေဒွေ းကတော့ ဗီဒီယို ဇာတ်ကားတွေနဲ့ နာမည်ရလာခဲ့သူ တစ်ယောက်ဖြစ်ပြီး နောက်ပိုင်း မှာတော့ အနုပညာ အလုပ်တွေထက် စီးပွားရေးအလုပ်တွေကိုသာ ဦးစားပေးလုပ်ကိုင်လာ ခဲ့တာဖြစ်ပါတယ်။ နေဒွေးက သူ့ရဲ့အချစ်ရေး ကိစ္စတွေနဲ့လည်း နာမည်ကြီးသူဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူ့ရဲ့ရည်းစားဟောင်းနဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ပြဿနာတွေတက်ခဲ့ကြသေးတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာက မပြီးပြတ်သေးပဲ ဒီနေ့မှာလည်း နေဒွေးရဲ့ရည်းစားဟောင်း Htang Ra နဲ့ လက်ရှိရည်းစား Jelly Jelly တို့က ပြဿနာတွေထက်ဖြစ်လာနေခဲ့ပြန်ပါတယ်။

နေဒွေးရဲ့လက်ရှိရည်းစား Jelly Jelly က Htang Ra ဟာ ပညာမတတ်တဲ့ အပြင် သူမ ပြောတဲ့ ကောဆိုတာဟာ တရုတ်မင်းသား တစ်ယောက်သာဖြစ်ပြီး အပြင်မှာတကယ်မရှိတဲ့လူ ဆိုပြီး ဖော်ထုတ်ခဲ့သလို သူမရဲ့သူငယ်ချင်းတွေ ကလည်း Htang Ra ဟာ KTV မှာ အလုပ်လုပ်သူဖြစ်ပြီး ပိုက်ဆံရှိယောကျာ်းတွေဆီက ချူစားနေတယ်ဆိုပြီး ပြောဆိုခဲ့ကြတာပဲဖြစ်ပါတယ်။ Htang Ra ဟာလည်း နေဒွေးရဲ့ရည်စားဟာ အရင်ကအိမ်ထောင်ကျဖူးသူ တစ်ယောက်ဖြစ်တယ်လို့ နေဒွေးလက်ရှိရည်းစားရဲ့အတိတ်က ပုံရိပ်တွေကိုပါ ချပြလာခဲ့တာပဲဖြစ်ပါတယ်။

နေဒွေးရဲ့ ရည်းစားဟောင်းနဲ့ လက်ရှိ ရည်းစားတို့ကတော့ တစ်ယောက်နဲ့တစ်ယောက် ငယ်ကျိုးငယ်နာတွေဖော်ရင်း ပြဿနာတွေတက်နေကြဆဲဖြစ်ပါတယ်။ နေဒွေးရဲ့ လူမှုရေးပြဿနာတွေကတော့ အခုချိန်ထိ မပြီးဆုံးနိုင်သေးတာ ပရိသတ်ကြီးလည်း အတွေ့ပဲဖြစ်ပါတယ်။

Source: Jelly Jelly’s fb
Credit:Cele Active World