တစ္ခ်ိန္က ေၾကာ္ျငာဗီဒီယိုေလးေတြနဲ႕ပရိသတ္ေတြရင္ထဲကို ထိုးေဖာက္၀င္ေရာက္ခဲ့တဲ့ ကေလးသ႐ုပ္ေဆာင္ အိန္အိမ္းရဲ႕ဗီဒီယို

Posted on

တစ္ခ်ိန္က ေၾကာ္ျငာဗီဒီယိုေလးေတြနဲ႕ပရိသတ္ေတြရင္ထဲကို ထိုးေဖာက္၀င္ေရာက္ခဲ့တဲ့ ကေလးသ႐ုပ္ေဆာင္ အိန္အိမ္းရဲ႕ဗီဒီယို

ပရိသတ္ႀကီးထဲမွာ ငယ္ငယ္က ေၾကာ္ျငာေတြကို မျပတ္တမ္းၾကည့္ရႉခဲ့တဲ့ သူေတြရွိရင္ ကေလးသ႐ုပ္ေဆာင္ အိန္အိမ္းကို မွတ္မိၾကမယ္ ထင္ပါတယ္ေနာ္။ႏိုင္ငံေက်ာ္မင္းသားႀကီးခန္႔စည္သူနဲ႔တြဲဖက္ကာBAB ေၾကာ္ျငာကို ႐ိုက္ကူးခဲ့တာျဖစ္ၿပီး ပရိသတ္ေတြ ကလည္း BABေၾကာ္ျငာေလးနဲ႔တြဲဖက္မွတ္မိေနၾကဆဲပါ။အိန္အိမ္းကေတာ့ အသက္၁၂ႏွစ္အ႐ြယ္မွာ အႏုပညာအလုပ္ကိုေနာက္ဆုံ႐ိုက္ကူးခဲ့ၿပီး TVဖန္သားျပင္ထက္ကေပ်ာက္ကြယ္ေနခဲ့တာၾကာျမင့္ခဲ့ပါၿပီ။

” ဒီကာလမွာေတာ့ ကြၽန္ေတာ္အားကစားသမား အေနနဲ႔animal flowေပါ့ေနာ္….ကိုယ္ခႏၶာနဲ႔ပဲ အသုံးျပဳၿပီး ေျမႀကီးဆြဲအားနဲ႔ တိရိစာၦန္ လႈပ္ရွားမႈေတြနဲ႔အသုံးျပဳၿပီး training လုပ္တဲ့ Animal Flow trainng ကို ျမန္မာကိုယ္စားျပဳၿပီး Internationally Promote လုပ္ေပးေနပါတယ္။ကြၽန္ေတာ္အခုအသက္၂၅ႏွစ္ရွိပါၿပီ။ ကေလးဘဝမွာ သ႐ုပ္ေဆာင္အလုပ္ကိုလုပ္ျဖစ္ခဲ့တာကေတာ့ဝါသနာလည္းပါတယ္။ အဓိကကေတာ့ကြၽန္ေတာ့္အေမအားေပးမႈေၾကာင့္လည္းပါပါတယ္။ငယ္ငယ္ထဲကကိုယ့္ဝင္ေငြနဲ႔အ႐ုပ္ေတြဝယ္ရတာကို အရမ္းသေဘာက်တယ္။ငယ္ငယ္ထဲကကိုယ္ဝါသနာပါတာကိုလုပ္ၿပီးရလာတဲ့ေငြေလးနဲ႔ ကိုယ္လိုခ်င္တာဝယ္ရတာကိုပီတိျဖစ္တယ္။”

“အသက္ႀကီး လာေတာ့ အႏုပညာ မလုပ္ျဖစ္ေတာ့ တာကေတာ့ ေနာက္ဆုံး႐ိုက္ခဲ့တဲ့ မားမားရိန္းဂ်ားေၾကာ္ျငာမွ ာအသက္၁၂ႏွစ္ရွိၿပီ ။ အသက္၁၂ႏွသ္ဆိုေတာ့လူႀကီးနဲ႔ကေလးၾကားထဲ ကေျပာင္းတဲ့ အ႐ြယ္ျဖစ္ေနၿပီ​။ သူငယ္ခ်င္းေတြကလည္းစခ်င္ လာတာရယ္ ကြၽန္ေတာ္ကလည္းနည္းနည္း ရွက္လာတာရယ္နဲ႔ ႀကီးလာေတာ့ စာေတြလုပ္လာရတာေၾကာင့္လည္းအႏုပညာအပိုင္းကို နည္းနည္းေလးအားေလ်ာ့လိုက္ရတာပါ။ ”ဆိုကာ ျပန္လည္ေျဖၾကားခဲ့ ပါတယ္။ ဒါ့အျပင္ အိန္အိမ္းအေနနဲ႔ အႏုပညာအလုပ္ေတြဆက္မလုပ္ျဖစ္ေပမယ့္အႏုပညာအသိုင္းအဝိုင္းနဲ႔ကေတာ့အဆက္မျပတ္ရွိေနကာ ညီမဝမ္းကြဲ သင္ဇာ တို႔ အစ္မ ဝါဆိုတို႔အျပင္ အႏုပညာသူငယ္ခ်င္းေတြနဲ႔လည္းtrainingေလးေတြျပဳလုပ္ကာ ဗီဒီယိုေလးေတြ႐ိုက္ကူးေပးျဖစ္ေနတယ္လို႔လည္းသိရပါတယ္။အိုက္တင္ေတြသာမလုပ္တာ ကင္မရာေရွ႕မွာအၿမဲရွိျဖစ္ေၾကာင္းေျပာျပလာ ခဲ့ပါတယ္။ပရိသတ္ေတြေကာ ငယ္ငယ္ကေလးဘဝကအိန္အိမ္းနဲ႔ ျပန္လည္ထြက္ေပၚလာတဲ့ အမိုက္စားလူငယ္ေလးအိန္အိမ္း ဘယ္ပုံစံေလးကို ပိုသေဘာက်လဲဆိုတာ မွတ္ခ်က္ေပးခဲ့ၾကပါဦးေနာ္။

Credit- CeleGabar
Source -CeleGabar

တစ်ချိန်က ကြော်ငြာဗီဒီယိုလေးတွေနဲ့ပရိသတ်တွေရင်ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ ကလေးသရုပ်ဆောင် အိန်အိမ်းရဲ့ဗီဒီယို

ပရိသတ်ကြီးထဲမှာ ငယ်ငယ်က ကြော်ငြာတွေကို မပြတ်တမ်းကြည့်ရှူခဲ့တဲ့ သူတွေရှိရင် ကလေးသရုပ်ဆောင် အိန်အိမ်းကို မှတ်မိကြမယ် ထင်ပါတယ်နော်။နိုင်ငံကျော်မင်းသားကြီးခန့်စည်သူနဲ့တွဲဖက်ကာBAB ကြော်ငြာကို ရိုက်ကူးခဲ့တာဖြစ်ပြီး ပရိသတ်တွေ ကလည်း BABကြော်ငြာလေးနဲ့တွဲဖက်မှတ်မိနေကြဆဲပါ။အိန်အိမ်းကတော့ အသက်၁၂နှစ်အရွယ်မှာ အနုပညာအလုပ်ကိုနောက်ဆုံရိုက်ကူးခဲ့ပြီး TVဖန်သားပြင်ထက်ကပျောက်ကွယ်နေခဲ့တာကြာမြင့်ခဲ့ပါပြီ။

” ဒီကာလမှာတော့ ကျွန်တော်အားကစားသမား အနေနဲ့animal flowပေါ့နော်….ကိုယ်ခန္ဓာနဲ့ပဲ အသုံးပြုပြီး မြေကြီးဆွဲအားနဲ့ တိရိစ္ဆာန် လှုပ်ရှားမှုတွေနဲ့အသုံးပြုပြီး training လုပ်တဲ့ Animal Flow trainng ကို မြန်မာကိုယ်စားပြုပြီး Internationally Promote လုပ်ပေးနေပါတယ်။ကျွန်တော်အခုအသက်၂၅နှစ်ရှိပါပြီ။ ကလေးဘဝမှာ သရုပ်ဆောင်အလုပ်ကိုလုပ်ဖြစ်ခဲ့တာကတော့ဝါသနာလည်းပါတယ်။ အဓိကကတော့ကျွန်တော့်အမေအားပေးမှုကြောင့်လည်းပါပါတယ်။ငယ်ငယ်ထဲကကိုယ့်ဝင်ငွေနဲ့အရုပ်တွေဝယ်ရတာကို အရမ်းသဘောကျတယ်။ငယ်ငယ်ထဲကကိုယ်ဝါသနာပါတာကိုလုပ်ပြီးရလာတဲ့ငွေလေးနဲ့ ကိုယ်လိုချင်တာဝယ်ရတာကိုပီတိဖြစ်တယ်။”

“အသက်ကြီး လာတော့ အနုပညာ မလုပ်ဖြစ်တော့ တာကတော့ နောက်ဆုံးရိုက်ခဲ့တဲ့ မားမားရိန်းဂျားကြော်ငြာမှ ာအသက်၁၂နှစ်ရှိပြီ ။ အသက်၁၂နှသ်ဆိုတော့လူကြီးနဲ့ကလေးကြားထဲ ကပြောင်းတဲ့ အရွယ်ဖြစ်နေပြီ​။ သူငယ်ချင်းတွေကလည်းစချင် လာတာရယ် ကျွန်တော်ကလည်းနည်းနည်း ရှက်လာတာရယ်နဲ့ ကြီးလာတော့ စာတွေလုပ်လာရတာကြောင့်လည်းအနုပညာအပိုင်းကို နည်းနည်းလေးအားလျော့လိုက်ရတာပါ။ ”ဆိုကာ ပြန်လည်ဖြေကြားခဲ့ ပါတယ်။ ဒါ့အပြင် အိန်အိမ်းအနေနဲ့ အနုပညာအလုပ်တွေဆက်မလုပ်ဖြစ်ပေမယ့်အနုပညာအသိုင်းအဝိုင်းနဲ့ကတော့အဆက်မပြတ်ရှိနေကာ ညီမဝမ်းကွဲ သင်ဇာ တို့ အစ်မ ဝါဆိုတို့အပြင် အနုပညာသူငယ်ချင်းတွေနဲ့လည်းtrainingလေးတွေပြုလုပ်ကာ ဗီဒီယိုလေးတွေရိုက်ကူးပေးဖြစ်နေတယ်လို့လည်းသိရပါတယ်။အိုက်တင်တွေသာမလုပ်တာ ကင်မရာရှေ့မှာအမြဲရှိဖြစ်ကြောင်းပြောပြလာ ခဲ့ပါတယ်။ပရိသတ်တွေကော ငယ်ငယ်ကလေးဘဝကအိန်အိမ်းနဲ့ ပြန်လည်ထွက်ပေါ်လာတဲ့ အမိုက်စားလူငယ်လေးအိန်အိမ်း ဘယ်ပုံစံလေးကို ပိုသဘောကျလဲဆိုတာ မှတ်ချက်ပေးခဲ့ကြပါဦးနော်။

Credit- CeleGabar
Source -CeleGabar