တခ်ိန္ကပရိသတ္ေတြ အသဲစြဲအားေပးခဲ့ရတဲ့ ကြယ္လြန္သြားၿပီျဖစ္တဲ့ အကယ္ဒမီဇင္မာဦးရဲ႕ ၾကံဳေတြ႕ခဲ့ရေသာ ဘ၀ဇာတ္ေၾကာင္း အျပည့္အစံု

Posted on

တခ်ိန္ကပရိသတ္ေတြ အသဲစြဲအားေပးခဲ့ရတဲ့ ကြယ္လြန္သြားၿပီျဖစ္တဲ့ အကယ္ဒမီဇင္မာဦးရဲ႕ ၾကံဳေတြ႕ခဲ့ရေသာ ဘ၀ဇာတ္ေၾကာင္း အျပည့္အစံု

တခ်ိန္ကျမန္မာ့အႏုပညာ ‌ေလာကတြင္ ထင္႐ွားေက်ာ္ၾကား ခဲ့ေသာ ႐ုပ္႐ွင္ႏွင့္ ဗီဒီယို သ႐ုပ္ေဆာင္ မင္းသမီးဇင္မာဦးရဲ႕ အေၾကာင္းကိုတင္ဆက္ေပးမွာျဖစ္ပါတယ္။႐ုပ္႐ွင္ႏွင့္ ဗီဒီယို သ႐ုပ္ေဆာင္ မင္းသမီးဇင္မာဦးသည္ ငယ္႐ြယ္စဥ္က ႐ုပ္ရည္ေခ်ာေမာလွပၿပီး ႐ုပ္႐ွင္အတတ္ပညာတြင္လည္း ထူးခြၽန္သူျဖစ္ေသာေၾကာင့္ အေတာ္ေလးေအာင္ျမင္ခဲ့သူျဖစ္သည္။သူမသည္ ေက်ာ္ေက်ာ္ဆိုသူႏွင့္ အိမ္ေထာင္ျပဳခဲ့ၿပီး အိမ္ေထာင္ေရးအဆင္မေျပေသာေၾကာင့္ လမ္းခြဲခဲ့သည္ဟု သိရပါတယ္။ ထို႔ေနာက္ မင္းသား သီဟတင္စိုးႏွင့္ ဒုတိယအိမ္ေထာင္ျပဳခဲ့ပါတယ္။

သူမသည္ (၁၉၇၀)ခုႏွစ္တြင္ ေမြးဖြားခဲ့ၿပီး အ.ထ.က(၄)တာေမြ၏ ေက်ာင္းသူ တစ္ေယာက္ လည္းျဖစ္သည္။ ရန္ကုန္ၿမိဳ႕၊ သဃၤကြၽန္းၿမိဳ႕နယ္၊ ျပည္ေထာင္စုရိပ္မြန္တြင္ ေနထိုင္သည္ဟုလည္း သိရပါတယ္။သူမသည္ အိမ္ေထာင္ျပဳၿပီး အခ်ိန္မွစ၍ အႏုပညာလုပ္ငန္းမ်ားကို ရပ္နားခဲ့သည္။ သားတစ္ေယာက္၊ သမီးတစ္ေယာက္ထြန္းကားခဲ့ၾကသည္။ဇင္မာဦးသည္ ႐ုပ္႐ွင္ႏွင့္ ဗီဒီယိုေပါင္းမ်ားစြာကို ႐ိုက္ကူးခဲ့သူ တစ္ဦးျဖစ္ၿပီး ေအာင္ျမင္ေက်ာ္ၾကားခဲ့ေသာ ႐ုပ္႐ွင္ဇာတ္ကားမ်ားစြာလည္း႐ွိခဲ့ပါသည္။ဇင္မာဦး၏ ပရိတ္သတ္အားေပးမႈအမ်ားဆုံးရခဲ့ေသာ ႐ုပ္႐ွင္ဇာတ္ကားမ်ားမွာ “ဒိုး”၊ “တိုက္ပြဲေခၚသံ”၊ “ငရဲသား”၊ “ဆုန္ေရ”၊ “အလွသစၥာတရား”၊ “သီတာခုႏွစ္တန္”အစ႐ွိသည္တို႔ျဖစ္ၾကသည္။(၁၉၉၃)ခုႏွစ္တြင္ “သီတာခုႏွစ္တန္”ဇာတ္ကားျဖင့္ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ဆြတ္ခူးရ႐ွိခဲ့ပါသည္။

ဒါ့အျပင္ ဇင္မာဦးသည္ ႏွလုံး၊ ေက်ာက္ကပ္၊ အဆုတ္ ကင္ဆာေရာဂါ မ်ားကို (၂)ႏွစ္နီးပါးခံစားခဲ့ရၿပီး ေအာက္စီဂ်င္ပိုက္ႏွင့္ အသက္ဆက္ေနခဲ့သည္ ဟုလည္းသိရပါတယ္။ထိုေရာဂါျဖင့္ပင္ (၂၀၂၁)ခုႏွစ္၊ မတ္လ(၁၁)ရက္ေန႔၌ ရန္ကုန္ၿမိဳ႕၊ ေအာင္ရတနာေဆး႐ုံတြင္ ကြယ္လြန္ခဲ့ပါတယ္။ ကြယ္လြန္ခ်ိန္တြင္ အသက္(၅၁)ႏွစ္႐ွိၿပီျဖစ္ပါတယ္။ ကြယ္လြန္သူ အကယ္ဒမီ သ႐ုပ္ေဆာင္ ဇင္မာဦးရဲ႕ ဈာပနကို မတ္လ(၁၂)ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၊ ေရေဝးသုသာန္မွာ က်င္းပခဲ့ပါတယ္။ျမန္မာ့႐ုပ္႐ွင္ေလာကရဲ႕ ၾကယ္တပြင့္ျဖစ္သူ အကယ္ဒမီမင္းသမီး ဇင္မာဦး ကြယ္လြန္သြားျခင္းအတြက္ ႏွေျမာတသစြာျဖင့္ မိသားစုႏွင့္ထပ္တူ ဝမ္းနည္းရပါတယ္။

Credit Thinyupar

တချိန်ကပရိသတ်တွေ အသဲစွဲအားပေးခဲ့ရတဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ အကယ်ဒမီဇင်မာဦးရဲ့ ကြုံတွေ့ခဲ့ရသော ဘဝဇာတ်ကြောင်း အပြည့်အစုံ

တချိန်ကမြန်မာ့အနုပညာ ‌လောကတွင် ထင်ရှားကျော်ကြား ခဲ့သော ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် မင်းသမီးဇင်မာဦးရဲ့ အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် မင်းသမီးဇင်မာဦးသည် ငယ်ရွယ်စဉ်က ရုပ်ရည်ချောမောလှပပြီး ရုပ်ရှင်အတတ်ပညာတွင်လည်း ထူးချွန်သူဖြစ်သောကြောင့် အတော်လေးအောင်မြင်ခဲ့သူဖြစ်သည်။သူမသည် ကျော်ကျော်ဆိုသူနှင့် အိမ်ထောင်ပြုခဲ့ပြီး အိမ်ထောင်ရေးအဆင်မပြေသောကြောင့် လမ်းခွဲခဲ့သည်ဟု သိရပါတယ်။ ထို့နောက် မင်းသား သီဟတင်စိုးနှင့် ဒုတိယအိမ်ထောင်ပြုခဲ့ပါတယ်။

သူမသည် (၁၉၇၀)ခုနှစ်တွင် မွေးဖွားခဲ့ပြီး အ.ထ.က(၄)တာမွေ၏ ကျောင်းသူ တစ်ယောက် လည်းဖြစ်သည်။ ရန်ကုန်မြို့၊ သင်္ဃကျွန်းမြို့နယ်၊ ပြည်ထောင်စုရိပ်မွန်တွင် နေထိုင်သည်ဟုလည်း သိရပါတယ်။သူမသည် အိမ်ထောင်ပြုပြီး အချိန်မှစ၍ အနုပညာလုပ်ငန်းများကို ရပ်နားခဲ့သည်။ သားတစ်ယောက်၊ သမီးတစ်ယောက်ထွန်းကားခဲ့ကြသည်။ဇင်မာဦးသည် ရုပ်ရှင်နှင့် ဗီဒီယိုပေါင်းများစွာကို ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး အောင်မြင်ကျော်ကြားခဲ့သော ရုပ်ရှင်ဇာတ်ကားများစွာလည်းရှိခဲ့ပါသည်။ဇင်မာဦး၏ ပရိတ်သတ်အားပေးမှုအများဆုံးရခဲ့သော ရုပ်ရှင်ဇာတ်ကားများမှာ “ဒိုး”၊ “တိုက်ပွဲခေါ်သံ”၊ “ငရဲသား”၊ “ဆုန်ရေ”၊ “အလှသစ္စာတရား”၊ “သီတာခုနှစ်တန်”အစရှိသည်တို့ဖြစ်ကြသည်။(၁၉၉၃)ခုနှစ်တွင် “သီတာခုနှစ်တန်”ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။

ဒါ့အပြင် ဇင်မာဦးသည် နှလုံး၊ ကျောက်ကပ်၊ အဆုတ် ကင်ဆာရောဂါ များကို (၂)နှစ်နီးပါးခံစားခဲ့ရပြီး အောက်စီဂျင်ပိုက်နှင့် အသက်ဆက်နေခဲ့သည် ဟုလည်းသိရပါတယ်။ထိုရောဂါဖြင့်ပင် (၂၀၂၁)ခုနှစ်၊ မတ်လ(၁၁)ရက်နေ့၌ ရန်ကုန်မြို့၊ အောင်ရတနာဆေးရုံတွင် ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်တွင် အသက်(၅၁)နှစ်ရှိပြီဖြစ်ပါတယ်။ ကွယ်လွန်သူ အကယ်ဒမီ သရုပ်ဆောင် ဇင်မာဦးရဲ့ ဈာပနကို မတ်လ(၁၂)ရက်နေ့တွင် ရန်ကုန်မြို့၊ ရေဝေးသုသာန်မှာ ကျင်းပခဲ့ပါတယ်။မြန်မာ့ရုပ်ရှင်လောကရဲ့ ကြယ်တပွင့်ဖြစ်သူ အကယ်ဒမီမင်းသမီး ဇင်မာဦး ကွယ်လွန်သွားခြင်းအတွက် နှမြောတသစွာဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါတယ်။

Credit Thinyupar