
Posted on






ဇာတ်လမ်းတွဲထဲက မင်းသားချောလေးနဲ့အမိုက်စားပုံရိပ်တွေကို ဗီဒီယိုလေးနဲ့တကွပြသလိုက်ပြန်တဲ့ မေမေချောရတနာ

မင်းသမီးချောလေး ချောရတနာ ကတော့ “ဥ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်ပါတယ်။ ချောရတနာက အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ကို ပိုင်ဆိုင် ထားပြီဆိုပေမယ့် အပျိုလေးတစ်ယောက်လို နုနယ်လှပနေ ဆဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ချောရတနာက အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေပြီး လက်ရှိထုတ်လွှင့်ပြသနေတဲ့ “အိပ်မက်ထဲကအိပ်မက်” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

ကလေးနှစ်ယောက်မေမေ ဆိုပေမယ့် အရင်အတိုင်း လှပနုပျိုနေဆဲဖြစ်တဲ့ ချောရတနာက ဒီကနေ့မှာလည်း သူမရဲ့ဓာတ်ပုံ ရိုက်ကွင်းပေါ်က ဗီဒီယိုလေးတစ်ခုကို ပြသလာပါတယ်။ ချောရတနာက ငယ်ငယ်ချောချောကောင်လေး တစ်ယောက်နဲ့ အမိုက်စားရိုက်ကူးရေးခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်နော်။

ချောရတနာကတော့ အလုပ်နဲ့ ပတ်သက်လာရင် တိကျသေချာသလောက် မိသားစုအပေါ်မှာလည်း တာဝန်ကျေသူ တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချောရတနာရဲ့ အမိုက်စားပုံရိပ်တွေကိုကြည့်ရလို့ ကျေနပ်ကြမယ်ထင်ပါတယ်နော်။

Source: Chaw Yadanar’s fb
Credit;Cele Active World