ချစ်ဇနီးလေး အဆိုတော် မြသင်းချယ်ရဲ့ (၃၈) နှစ်ပြည့်မွေးနေ့ အမှတ်တရအနေနဲ့ ​ဗောဓိပင်နှင့် ခ​ရေပင်(၁၁၀) အား စိုက်ပျိုးခဲ့တဲ့ နေထူးနိုင်

Posted on

ဖိုက်တင် ဇာတ်လမ်းတွေနဲ့လူသိများကာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသား နေထူးနိုင်ပဲ ဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားတွေကို ကိုယ်ပိုင်စိတ်ကူးတွေနဲ့ ဖန်တီးရိုက်ကူးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ကွီး နေထူးနိုင်ဆိုပြီး ရုပ်ပြောင်တွေနဲ့ ဆိုရှယ်မီဒီယာမှာ ထရိုးရင်း ပိုပြီးနာမည်ကြီးလာတဲ့ မင်းသားတစ်ဦးလည်းဖြစ်ပါတယ်။

နေထူးနိုင်ဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှု တွေမရှိသေးဘဲ အိမ်မှာ မိသားစုနဲ့ အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်း ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ သာယာအေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားလို့ ပရိသတ်တွေကလည်း အားကျ ချစ်ခင်နေကြတာပါ။နေထူးနိုင်ကတော့ ဒီနေ့မှာကျရောက်တဲ့ ချစ်ဇနီးလေးမွေးနေ့မှာ အမှတ်တရ အနေနဲ့ ကုသိုလ် တစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဒါကတော့ ချောက်မြို့ မတ်တစ်​ထောင် နဂါးကုန်း​တော်​ပေါ်မှာ ဗောဓိပင်နှင့်ခ​ရေပင်(၁၁၀) အား​ အောင်မြင်စွာ စိုက်ပျိုးခဲ့တာပဲဖြစ်ပါတယ်။ ဗောဓိပင် နဲ့ ခရေပင်ကို ကိုယ်တိုင် အစအဆုံး စိုက်ပျိုးနေတဲ့ ပုံရိပ်လေးတွေနဲ့ အတူ ” ချစ်ဇနီး​ရဲ့ဒီ​နေ့ ၃၈ နှစ်ပြည့်​မွေး​နေ့ အမှတ်တရအဖြစ် ​ချောက်မြို့ မတ်တစ်​ထောင်နဂါးကုန်း​တော်​ပေါ်တွင် ​ဗောဓိပင်နှင့်ခ​ရေပင်(၁၁၀) အား​အောင်မြင်စွာ စိုက်ပျိုးခဲ့ပါသည်” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Zawgyi Version

ဖိုက္တင္ ဇာတ္လမ္းေတြနဲ႔လူသိမ်ားကာ ပရိသတ္ေတြရဲ့ တစ္ခဲနက္ အားေပးမႈေတြကို ရရွိထားသူကေတာ့ သ႐ုပ္ေဆာင္ မင္းသား ေနထူးနိုင္ပဲ ျဖစ္ပါတယ္။ အက္ရွင္ဇာတ္ကားေတြကို ကိုယ္ပိုင္စိတ္ကူးေတြနဲ႔ ဖန္တီးရိုက္ကူးေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။ ကြီး ေနထူးနိုင္ဆိုၿပီး ႐ုပ္ေျပာင္ေတြနဲ႔ ဆိုရွယ္မီဒီယာမွာ ထရိုးရင္း ပိုၿပီးနာမည္ႀကီးလာတဲ့ မင္းသားတစ္ဦးလည္းျဖစ္ပါတယ္။

ေနထူးနိုင္ဟာ လတ္တေလာမွာေတာ့ အႏုပညာလႈပ္ရွားမႈ ေတြမရွိေသးဘဲ အိမ္မွာ မိသားစုနဲ႔ အတူ ၾကည္ႏူးေပ်ာ္ရႊင္စရာေကာင္းတဲ့ အခ်ိန္ေလးေတြ ျဖတ္သန္း ကုန္ဆုံးေနတာပဲ ျဖစ္ပါတယ္။ သာယာေအးခ်မ္းတဲ့ မိသားစုေလးကို ပိုင္ဆိုင္ထားလို႔ ပရိသတ္ေတြကလည္း အားက် ခ်စ္ခင္ေနၾကတာပါ။ေနထူးနိုင္ကေတာ့ ဒီေန႔မွာက်ေရာက္တဲ့ ခ်စ္ဇနီးေလးေမြးေန႔မွာ အမွတ္တရ အေနနဲ႔ ကုသိုလ္ တစ္ခု ျပဳလုပ္ခဲ့ပါတယ္။

ဒါကေတာ့ ေခ်ာက္ၿမိဳ႕ မတ္တစ္​ေထာင္ နဂါးကုန္း​ေတာ္​ေပၚမွာ ေဗာဓိပင္ႏွင့္ခ​ေရပင္(၁၁၀) အား​ ေအာင္ျမင္စြာ စိုက္ပ်ိဳးခဲ့တာပဲျဖစ္ပါတယ္။ ေဗာဓိပင္ နဲ႔ ခေရပင္ကို ကိုယ္တိုင္ အစအဆုံး စိုက္ပ်ိဳးေနတဲ့ ပုံရိပ္ေလးေတြနဲ႔ အတူ ” ခ်စ္ဇနီး​ရဲ့ဒီ​ေန႔ ၃၈ ႏွစ္ျပည့္​ေမြး​ေန႔ အမွတ္တရအျဖစ္ ​ေခ်ာက္ၿမိဳ႕ မတ္တစ္​ေထာင္နဂါးကုန္း​ေတာ္​ေပၚတြင္ ​ေဗာဓိပင္ႏွင့္ခ​ေရပင္(၁၁၀) အား​ေအာင္ျမင္စြာ စိုက္ပ်ိဳးခဲ့ပါသည္” ဆိုတဲ့ စာေလးကို ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ ေဝမၽွေပးလိုက္ပါတယ္။