
Posted on





Source: Smile Lmp’s fb

ချစ်သူပိုင်တံခွန်ရဲ့ ထောင်ဒဏ်(၃)နှစ်ချမှတ်ခံရတဲ့ သတင်းနဲ့ပတ်သက်ပြီး ပြောစရာစကားမရှိအောင် ဆွံ့အသွားခဲ့ရတဲ့ ပိုင်တံခွန်ရဲ့ကောင်မလေး

နိုင်ငံကျော်ရုံ သာမက ပြည်ပနိုင်ငံတွေ အထိပါ ထိုးဖောက်အောင်မြင်နေတဲ့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ မော်ဒယ်လ် ပိုင်တံခွန်ကတော့ (၅၀၅) က နဲ့ စကစရဲ့ ဖမ်းဆီးတရားစွဲ ဆိုခြင်းကို ခံခဲ့ရတာ လအတော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၂၇) ရက်နေ့မှာတော့ ပိုင်တံခွန်ဟာ (၅၀၅) ကရဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံလိုက်ရတယ်လို့သိရပါတယ်။

အဆိုပါသတင်း အတွက် ပိုင်တံခွန်ရဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြသလို ပိုင်တံခွန်ရဲ့ ချစ်သူကောင်မလေးကလည်း ပြောစရာစကား မရှိအောင်ကို ဆွံ့အသွားခဲ့ရပါတယ်။ ပိုင်တံခွန်ရဲ့ ချစ်သူကောင်မလေးက သူမရဲ့ အင်စတာဂရမ်အကောင့်မှာ “Fuck” ဆိုပြီး ရေးသားခဲ့ပြီး မတရားပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ပိုင်တံခွန်အတွက် ခံပြင်းဒေါသဖြစ်နေတာပဲဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့ ချစ်သူကောင်မလေးလိုပဲ ပိုင်တံခွန်ရဲ့ အစ်မဖြစ်သူ မေချစ်သွေးကလည်း မတရားပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ မောင်လေးအတွက် မခံမရပ်နိုင်အောင်ဒေါသဖြစ် ပူဆွေးနေတာကို တွေ့ရပါတယ်။ ပိုင်တံခွန်ရဲ့ သတင်းအတွက် ပရိသတ်တွေလည်း ထပ်တူဝမ်းနည်းနေကြမယ်ဆိုတာ သေချာပါတယ်။

Source: Smile Lmp’s fb
Credit:Myanmar Celebrities