
Posted on






ချစ်ရတဲ့ နှစ်ဖက်မိဘတွေကို အမှူးထားပြီး စေတီ(၃)ဆူ လှူဒါန်းပူဇော်ခဲ့တဲ့ ပုံရိပ်တွေကို ပြသလာတဲ့ အောင်သူနဲ့ပိုးအိအိခန့်

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ပိုးအိအိခန့်နဲ့ နိုင်ငံ့ ဂုဏ်ဆောင် လက်ရွေးစင် ဘောလုံး သမား အောင်သူတို့ရဲ့ အချစ်ဇာတ်လမ်း လေးကတော့ ပရိသတ်တွေအကြားမှာ ကြည်နူးရာ ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ။ ကျင်လည်ရာနယ်ပယ် အသီးသီးမှာ အောင်မြင် နေကြတဲ့ အောင်သူနဲ့ ပိုးအိအိခန့် တို့က အွန်လိုင်းမှာ ဆုံတွေ့ပြီးတဲ့နောက် တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက်ခဲ့ကာ (၂၀၁၉) ခုနှစ် မတ်လအတွင်းမှာ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။

လူငယ်လူရွယ်ဇနီးမောင်နှံ ဆိုပေမယ့် အပျော်အပါးထက် မိသားစု တာဝန်တွေနဲ့ ဘာသာရေးကို ပိုမိုအလေး ထားတဲ့ အောင်သူနဲ့ပိုးအိအိခန့်တို့ဇနီးမောင်နှံဟာ ဒီတစ်ခေါက်မှာလည်း နှစ်ဖက်မိဘတွေကို အမှူး ထားပြီး စေတီ (၃) ဆူ လှူဒါန်းပူဇော်ခဲ့တယ်လို့ သိရပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်တို့ဇနီးမောင်နှံဟာ လှည်းကူးမြို့ ကျွန်ကုန်းကျေးရွာ၊ ဗောဓိဓာတ်ပေါင်း စစ်ကိုင်းကျောင်းတွေ တည်ထားပူဇော်သော မဂ္ဂဖလဓမ္မစေတီတော်မှာ နှစ်ဖက်မိဘကို အမှူးထားပြီး စေတီ(၂)ဆူ၊ ဇနီးမောင်နှံနှစ်ယောက်နဲ့ သားလေး သွင်ဦးဟန်အတွက် စေတီ(၁) ဆူ၊ စုစုပေါင်း စေတီ (၃) ဆူကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

အောင်သူနဲ့ ပိုးအိအိခန့်တို ့ကတော့ လက်ရှိမှာ အောင်သူ့ရဲ့အလုပ်ကိစ္စကြောင့် ထိုင်းနိုင်ငံမာနေထိုင်နေရတယ်ဆိုပေမယ့် ဘာသာရေး၊ ကုသိုလ်ရေးနဲ့ အဆက်မပြတ်သွားတာကို တွေ့ရပါတယ်။

Source: Poe Ei Ei Khant’s fb
Credit:Myanmar Celebrities