
Posted on





Credit:Cele Thadin

ချစ်ရတဲ့ တစ်ဦးတည်းသောသမီးလေးကို သီချင်းဆိုကာသိပ်နေတဲ့ ဖေဖေစိုင်းလွှမ်းရဲ့ ဗီဒီယိုလေး

ပရိသတ်ကြီးရေ သရုပ်ဆောင် စိုင်းလွှမ်းကတော့ တစ်ဦးတည်းသော သမီးလေး စစ်လွန်းဝတီထက် ကို ရင်အုပ်မကွာ စောင့်ရှောက်ရင်း သာယာကြည်နူးစွာ နေထိုင်လျက် ရှိနေပါတယ်။ သမီးအပေါ် အဖေလို တစ်မျိုး အမေလို တစ်ဖုံ ပြုစုနေတာကို မြင်သူတိုင်းက ဖခင်မေတ္တာပြည့်ဝ လွန်းတဲ့ စိုင်းလွှမ်းရဲ့ စိတ်ဓာတ်ကို လေးစားနေကြတာ ဖြစ်ပါတယ်။

စစ်လွန်းလေးဟာ ကင်မရာရှေ့မှာ နေရတာကို ကြိုက်နှစ်သက်ခြင် းမရှိပေမယ့် လည်း ဖခင်ဖြစ်သူမှ သမီးလေးရဲ့လှုပ်ရှားမှု တစ်ချို့ကို ဗီဒီယိုခိုးရိုက်ထားပြီး ပရိသတ်တွေကို ပြန်လည် ဝေမျှပေးတတ် ပါသေးတယ်။ မကြာသေးခင်က စိုင်းလွှမ်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အိပ်ရာပေါ်မှာ အိပ်မောကျနေတဲ့ သမီးလေးကို ကိုယ်တိုင်သီချင်းဆိုပြီး ချော့သိပ်နေတဲ့ စိုင်းလွှမ်းရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

” အိပ်ချင်ပြီဆို အဲ့လို အဖွားကြီးလေးက ဒီလိုသီချင်းမျိုးဆို ချက်ချင်းအိပ်တာ 😅” ဆိုပြီး စိုင်းလွှမ်းမှ ရေးသားထားတာ ဖြစ်ပါတယ်။ သမီးလေးကိုတော့ အဆိုတော် စိုးစန္ဒာထွန်းရဲ့ ” ဆောင်းအမှီ” ဆိုတဲ့ တေးသီချင်းဖြင့် ချော့သိပ်နေတာ ဖြစ်ပါတယ်။ကဲ ပရိသတ်ကြီးလည်း စစ်လွန်းလေးတို့ သားအဖနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကိုအားပေးကြည့်ရှုကြပါဦးနော်။

Credit:Cele Thadin