
Posted on





Source: Sat Sat’s fb

ချစ်စရာကောင်းတဲ့ ဒုတိယရင်သွေးလေးဖြစ်တဲ့ သမီးချောလေးကို ထပ်မံမွေးဖွားလိုက်တဲ့ ဇာတ်ပို့သရုပ်ဆောင်ဆက်ဆက်

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ သွားထပ်လေးတွေရှိတဲ့ ဇာတ်ပို့ သရုပ်ဆောင် ဆက်ဆက်ကို ပရိသတ်ကြီး ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ မြင်ဖူးပြီးသားဖြစ်မှာပါ။ ဆက်ဆက်ကတော့ ဗီဒီယိုဇာတ်ကားတော်တော် များများမှာ မင်းသမီးရဲ့သူငယ်ချင်းနေရာကနေ အများဆုံးပါဝင် သရုပ်ဆောင်ခဲ့သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဆက်ဆက်က အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ သူမရဲ့မိသားစုလေးကိုအချိန်ပေးရင်း အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သားလေး တစ်ယောက်ကို ပိုင်ဆိုင်ပြီးသားဖြစ်တဲ့ ဆက်ဆက်ဟာ မကြာသေးခင် ရက်ပိုင်းကပဲ သူမရဲ့ ဒုတိယမြောက်သမီးလေးကို မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဆက်ဆက်က လေးရက်သားလေးသာရှိသေးတဲ့ သူမရဲ့သမီးလေးပုံရိပ်ကို ပရိသတ်တွေဆီ ပြသလို့လာတာကို အခုလိုမျိုးပဲတွေ့ရပါတယ်။

ဆက်ဆက်ကတော့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပြီးပြည့်စုံတဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆက်ဆက်တို့မိသားစုပုံရိပ်လေးကိုကြည့်ပြီး ကျေနပ်ကြမယ်လို့ထင်ပါတယ်။

Source: Sat Sat’s fb
Credit:Myanmar Celebrities