
Posted on






ချစ်စရာသမီးလေး ဂျူးဂျူးရဲ့ အိပ်ချင်လို့ဂျီကျနေတဲ့ အသဲယားစရာပုံရိပ်လေးကို ဗီဒီယိုလေးရိုက်ကာ မျှဝေလာတဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင်၊ အဆိုတော်မလေး နန်းမြတ်ဖြိုးသင်း ကတော့ ခင်ပွန်းဖြစ်သူကို ရုတ်တရက်ဆုံးရှုံး လိုက်ရပြီးနောက် သားနဲ့သမီးကို တစ်ယောက်တည်းပြုစုစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းဟာ သူမရဲ့ဘဝထဲမှာ ကျန်ရစ်ခဲ့ကြတဲ့ သားလေးဂျက်ဂျက်နဲ့ သမီးငယ်ဂျူဂျူးတို့အပေါ် အကောင်းဆုံးပြုစုစောင့်ရှောက်ရင်း သူမတို့မိသားစုလေးရဲ့ တစ်နေ့တာလှုပ်ရှားမှုလေးတွေကို ဗီဒီယိုလေးနဲ့တကွ မျှဝေပေးလေ့ရှိတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း နန်းမြတ်ဖြိုးသင်း က အိပ်ချင်လွန်းလို့ အမေ့ကိုဂျီကျနေတဲ့ သမီးငယ်ဂျူဂျူးရဲ့ မျက်နှာအမူအယာလေး ကို အသည်းယားစွာပြသလာခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် နန်းမြတ်ဖြိုးသင်းတို့ သားအမိရဲ့ ကြည်နူးစရာအခိုက်အတံ့လေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

နန်းမြတ်ဖြိုးသင်း ကတော့ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရပေမယ့် ခင်ပွန်းဖြစ်သူရဲ့ ကိုယ်ပွားလေးတွေဖြစ်တဲ့ သားနဲ့သမီးကို အဖော်ပြုရင်း သူမရဲ့နေ့ရက်တိုင်းကို စိတ်ချမ်းသာအောင်နေထိုင်ဖို့ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။

Source: Nann Myat Phyo Thinn ‘s fb
Credit:Myanmar Celebrities