
Posted on






ခရီးသွားနေတဲ့ ချစ်သူလေးကို စိတ်တွေပူလို့ မေတ္တာအပြည့်နဲ့ချစ်စကားလေးတစ်ခုပြောလာတဲ့ မင်းသားချောပိုင်တံခွန်

သရုပ်ဆောင် ပိုင်တံခွန် ကတော့ လူသိများတဲ့ မင်းသားတစ်ယောက် ဆိုပေမယ့် မာန်မာနတွေ ပကာသနတွေမရှိပဲ နေထိုင်တတ်သူ တစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေ တင်မကပဲ သူ့ရဲ့လက်တွေ့ဘဝက နေထိုင်မှု ပုံစံဟာလည်း ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းနေ တာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကလည်း သူ့ရဲ့ဖြစ်တည်မှု အတွက် ပရိသတ်တွေကို ရိုးရိုးသားသားချပြဖို့ ဝန်မလေးသူတစ်ယောက်ဖြစ်ပါတယ်။

နာမည်ကြီးမင်းသား တစ်ယောက်ဖြစ်ပေမယ့်လည်း အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ဖုံးကွယ်မထားတဲ့ ပိုင်တံခွန်ဟာ သူ့ရဲ့ချစ်သူနဲ့ ပတ်သက်တာလေးတွေနဲ့ ပရိသတ်တွေကို အမြဲတမ်း သဘောကျစေသူဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပိုင်တံခွန်က သူ့ရဲ့ချစ်သူကို စိတ်ပူနေတဲ့ ကောမန့်လေးကြောင့် ပရိသတ်တွေကို အားကျစေခဲ့ပါတယ်။ ပိုင်တံခွန်က သူ့ရဲ့ပိုစ့်အောက်မှာ ကောမန့်ပေးတဲ့ ချစ်သူကို “ဂရုစိုက်နော် ခရီးမှာ ” ဆိုပြီး ခရီးသွားနေတဲ့ချစ်သူကို ဂရုစိုက်ဖို့မှာကြားနေတာပဲဖြစ်ပါတယ်။

ပိုင်တံခွန် ကတော့ ချစ်သူနဲ့ လူသိရှင်ကြား Ro မနေပေမယ့် သူ့ရဲ့အတွင်းစိတ်ကတော့ ချစ်သူကိုစိတ်ပူ တတ်ပြီး အရမ်းချစ်တတ်တာ ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်တို့စုံတွဲလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။

Source: Paing Takhon’s fb
Credit:Cele Active World