ကြည့်လိုက်တာနဲ့ ချစ်စရာကောင်းအောင် အိုက်တင်တွေ ပေးနေတဲ့ ထရက်ရှာလေး

Posted on

မင်းသမီးချောလေး စန္ဒီမြင့်လွင် က တော့ အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ပိုင်နိုင်ပြီး အရည်အချင်းရှိတဲ့သူ ပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်ကတည်းက အနုပညာ အလုပ်တွေကို လုပ်ကိုင်ခဲ့တဲ့ စန္ဒီမြင့်လွင်ဟာ ဇာတ်ကားတွေအများအပြား ရိုက်ကူးခဲ့သလို တေးသီချင်းကောင်း တွေကိုလည်း ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စန္ဒီမြင့်လွင်က အိမ်ထောင်ကျပြီး ကိုယ်ပိုင်မိသားစုဘဝလေးကို ရရှိထားတာပဲ ဖြစ်ပါတယ်။

စန္ဒီမြင့်လွင်က ချစ်ခင်ပွန်းနဲ့ ထိမ်းမြား လက်ထပ်ပြီး နောက်ပိုင်းမှာ ချစ်စရာကောင်းတဲ့ သမီးချောလေး တစ်ယောက်ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပါးဖောင်းဖောင်းကစ်ကစ်လေးနဲ့ အသည်းယားစရာကောင်းတဲ့ သမီးလေးက စန္ဒီမြင့်လွင်နဲ့ တစ်ထေရာတည်းတူတာကြောင့် သူမတို့ ဇနီးမောင်နှံ ၂ ယောက်လုံးက တုန်အောင်ကိုချစ်နေရတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ထရက်ရှာလေးကို လွမ်းနေပြီဖြစ်တဲ့ ပရိသတ်တွေ အတွက် ချစ်စရာ ပုံရိပ်လေးတွေကို ဝေမျှလာပါတယ်။ ပုံလေးထဲမှာ အိုက်တင်တွေ မျိုးစုံပေးကာ အသည်းယားစရာ ကောင်းလွန်းနေပြီး တဖြည်းဖြည်း အရွယ်ရောက်လာကာ ပိုပိုချစ်စရာ ကောင်းလွန်းနေပါတယ်။ ပရိသတ်ကြီးအတွက် ထရက်ရှာလေးရဲ့ ပုံလေးတွေကို အလွမ်းပြေ ဖော်ပြပေးလိုက်ရပါတယ်။

Zawgyi Version


