ကျန်းမာရေး မကောင်းဖြစ်နေတဲ့ ဒါရိုက်တာဦးခင်စောမျိုး အတွက် အခြေခံစားသောက်ကုန်နဲ့ အလှုငွေများကို သွားရောက်လှူဒါန်းခဲ့တဲ့ နေဒွေး
Posted on
နေဒွေးကတော့ အနုပညာ လှုပ်ရှားမှုတွေကို ၁၀ စုနှစ်ကျော်တိုင်အောင် လုပ်ကိုင်နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။ မိဘကို လုပ်ကျွေးနေတဲ့ သားလိမ္မာလေး ဖြစ်တာမို႕ ဘယ်အလုပ်မဆို လုပ်ကိုင်တိုင်း အောင်မြင်မှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။ အလှူရေစက် လက်နဲ့မကွာဆိုတဲ့ စကားအတိုင်း လိုအပ်တဲ့ နေရာတိုင်းသို့ကိုယ်တိုင်သွားရောက် ကုသိုလ်ယူနေသူတစ်ယောက်ပါ။
လတ်တလောအခြေအနေတွေမှာလည်း စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ ပြည်သူများအတွက် အခြေခံ စားသောက်ကုန် ပစ္စည်းများကို လှူဒါန်းပေးနေတာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။ ဒါ့အပြင် အနုပညာလောကသားထဲက သက်ကြီးရွယ်အိုများကိုလည်း ပြန်လည်ကြည့်ရှုကာ မွန်မြတ်တဲ့ အလှူလေးတွေလည်း မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။
အခုလည်း တစ်ချိန်က ဗီဒီယိုကားတွေရိုက်ခဲ့စဉ် အပြင်တိုက်ကနေ ခေါ်ရိုက်ပေးခဲ့ဖူးတဲ့ ဒါရိုက်တာ ဦးခင်စောမျိုး အတွက် အခြေခံ စားသောက်ကုန်များအပြင် အလှူငွေများနဲ့ သွားရောက်ကန်တော့ကာ ကုသိုလ်ပြုခဲ့ပြန်ပါတယ်။
အလှူနဲ့ ပတ်သက်ပြီး “ နေမကောင်းပေမဲ့ ကိုယ့်ထက်ကျန်းမာရေးချို့တဲ့ နေတဲ့ ဗီဒီယိုကားတွေရိုက်ခဲ့စဉ်က အပြင်တိုက်ကနေ ခေါ်ရိုက်ပေးခဲ့ဖူးတဲ့ ဒါရိုက်တာ ဦးခင်စောမျိုး အတွက် ဆန်, ဆီ နှင့် အလှုငွေ နဲ့ကန်တော့ခဲ့ပါတယ် အမြန်ဆုံးကျန်းမာပါစေ အသက်ရှည်ပြီး အနုပညာအလုပ်တွေ အတူတွဲလုပ်ချင်ပါသေးတယ်လေးလေးရေ “ဆိုပြီး ရေးသားထားရာ ပရိသတ်ကြီးအတွက် နေဒွေးရဲ့ အလှူလေးကို ဝေမျှပေးရင်း ဒီထက်မက လှူဒါန်းနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။
Zawgyi Version