ကျန်းမာရေးကမကောင်း ဝရမ်းကလည်း ထုတ်ခံထားရတော့ ဆေးခန်းတောင်မပြရဲကြောင်း ရင်ဖွင့်လာတဲ့ ကျော်ကျော်နန္ဒ

Posted on

ကျော်ကျော်နန္ဒကတော့ တော်လှန်ရေး တိုက်ပွဲကြီးမှာ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေ ပြုလုပ်ပြီး အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ခဲ့သူပဲ ဖြစ်ပါတယ်။

တတ်နိုင်သလောက် အင်တိုက်အားတိုက်ပါဝင်ခဲ့တဲ့​ ကျော်ကျော်နန္ဒ ကတော့ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူ ခံထားရတာကြောင့် လတ်တလောမှာ ရှောင်ပုန်းနေရပြီး အခက်အခဲတွေ နဲ့ ကြုံတွေ့ နေရကာ ကျန်းမာရေးပါ မ ကောင်းဖြစ်နေကြောင်း Media တစ်ခုရဲ့ interview မှာ ဖြေထားပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေးလည်းမကောင်းဖြစ်နေပြီး အသည်းခဏခဏဖြစ်နေပေမယ့် ဆေးခန်းသွားပြဖို့ကို မဝံ့ရဲတာကြောင့် ဝေဒနာကိုအံကြိတ်ခံနေရကြောင်း ကို ပြောလာခဲ့ပါတယ်။

ကိုယ်တိုင်က ဒီလိုအခက်အခဲတွေ ရင်ဆိုင်နေရပေမယ့် ပြည်သူတွေကို Covid ကပ်ရောဂါနဲ့ တခြား ဘေးအန္တရာယ်တွေကို ဂရုစိုက်ရှောင်ရှားဖို့ စေတနာထားပြီးမှာကြားခဲ့ပါသေးတယ်။

ပထမ ရှောင်ပုန်းနေတဲ့နေရာက အဆင်ပြေပြီး ဒုတိယပြောင်းရွှေ့သွားတဲ့နေရာကတော့ ဝေးလည်းဝေးသလို နေရေးထိုင်ရေးလည်း အတော်လေးအဆင်မပြေဖြစ်နေကြောင်း ရင်ဖွင့်လာခဲ့ပါတယ်။

မိသားစုနဲ့အဝေးမှာ နေရပြီး မိခင်ကလည်းနှလုံးရောဂါသည် ဖြစ်တာကြောင့် မိခင်ကိုပိုပြီးစိတ်ပူတဲ့အကြောင်းလည်း ပြောခဲ့ပါသေးတယ်။

မိသားစုလည်းဘေးလွတ်ရာကိုရွှေ့ပြောင်းနေရတာကြောင့် ဒီအခြေအနေဆိုးကြီးကနေ အမြန်ဆုံး လွတ်မြောက်စေဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။

Zawgyi Version

ေက်ာ္ေက်ာ္နႏၵကေတာ့ ေတာ္လွန္ေရး တိုက္ပြဲႀကီးမွာ လမ္းေပၚထြက္ လႈပ္ရွားမႈေတြ ျပဳလုပ္ၿပီး အေရးေတာ္ပုံႀကီး ေအာင္ျမင္ဖို႔အတြက္ တစ္ေထာင့္တစ္ေနရာကေန ပါဝင္အားျဖည့္ခဲ့သူပဲ ျဖစ္ပါတယ္။

တတ္နိုင္သေလာက္ အင္တိုက္အားတိုက္ပါဝင္ခဲ့တဲ့​ ေက်ာ္ေက်ာ္နႏၵ ကေတာ့ ၅၀၅ က ျဖင့္ အမႈဖြင့္အေရးယူ ခံထားရတာေၾကာင့္ လတ္တေလာမွာ ေရွာင္ပုန္းေနရၿပီး အခက္အခဲေတြ နဲ႔ ၾကဳံေတြ႕ ေနရကာ က်န္းမာေရးပါ မ ေကာင္းျဖစ္ေနေၾကာင္း Media တစ္ခုရဲ့ interview မွာ ေျဖထားပါတယ္။

လက္ရွိမွာေတာ့ က်န္းမာေရးလည္းမေကာင္းျဖစ္ေနၿပီး အသည္းခဏခဏျဖစ္ေနေပမယ့္ ေဆးခန္းသြားျပဖို႔ကို မဝံ့ရဲတာေၾကာင့္ ေဝဒနာကိုအံႀကိတ္ခံေနရေၾကာင္း ကို ေျပာလာခဲ့ပါတယ္။

ကိုယ္တိုင္က ဒီလိုအခက္အခဲေတြ ရင္ဆိုင္ေနရေပမယ့္ ျပည္သူေတြကို Covid ကပ္ေရာဂါနဲ႔ တျခား ေဘးအႏၲရာယ္ေတြကို ဂ႐ုစိုက္ေရွာင္ရွားဖို႔ ေစတနာထားၿပီးမွာၾကားခဲ့ပါေသးတယ္။

ပထမ ေရွာင္ပုန္းေနတဲ့ေနရာက အဆင္ေျပၿပီး ဒုတိယေျပာင္းေရႊ႕သြားတဲ့ေနရာကေတာ့ ေဝးလည္းေဝးသလို ေနေရးထိုင္ေရးလည္း အေတာ္ေလးအဆင္မေျပျဖစ္ေနေၾကာင္း ရင္ဖြင့္လာခဲ့ပါတယ္။

မိသားစုနဲ႔အေဝးမွာ ေနရၿပီး မိခင္ကလည္းႏွလုံးေရာဂါသည္ ျဖစ္တာေၾကာင့္ မိခင္ကိုပိုၿပီးစိတ္ပူတဲ့အေၾကာင္းလည္း ေျပာခဲ့ပါေသးတယ္။

မိသားစုလည္းေဘးလြတ္ရာကိုေရႊ႕ေျပာင္းေနရတာေၾကာင့္ ဒီအေျခအေနဆိုးႀကီးကေန အျမန္ဆုံး လြတ္ေျမာက္ေစဖို႔ေမၽွာ္လင့္တယ္လို႔ဆိုပါတယ္။