ကိုဗစ် ကူးစက်ခံထားရတဲ့ မိဘ၂ ပါးရဲ့ လက်ရှိ အခြေအနေအား ဖွင့်ဟ ပြောပြလာတဲ့ စိုပြေမြင့်

Posted on

စိုပြေမြင့် ကတော့ ချောမောခန့်ညားတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီး Mrtv4 ရဲ့မင်းသားတစ်လက် ဖြစ်တာကြောင့် နှုတ်ခမ်းနီမလေးတွေက သည်းသည်းလှုပ်အားပေးနေရတာဖြစ်ပါတယ်။ စိုပြေမြင့်က ဇာတ်လမ်းတွဲတွေအများအပြားမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ကျရာဇာတ်ရုပ်ကို ပီပြင်လို့ ပရိသတ်တွေက သူ့ရဲ့အနုပညာကို တစ်ခဲနက် အားပေးနေကြတာဖြစ်ပါတယ်နော်။

သရုပ်ဆောင်ကောင်းပြီး ပျော်ပျော်နေတတ်တဲ့ စိုပြေက အခွီတလိုင်း Tik Tok ဗီဒီယိုလေးတွေကိုလည်း အပျော် ရိုက်ကူးလေ့ရှိပါတယ်။ အလုပ်တွေလည်း ကြိုးစား လုပ်ကိုင်သလို မိဘကိုလည်း ရှာဖွေကျွေးမွေး ပြုစုစောင့်ရှောက်နေတဲ့ သားအလိမ္မာလေး တစ်ယောက်ဖြစ်လို့ ပရိသတ်တွေက လေးစား ချစ်ခင်နေကြတာပါ။

မကြာခင် ရက်ပိုင်းကတော့ စိုပြေမြင့်ရဲ့ မိဘ ၂ ပါးလုံး ကိုဗစ်ရောဂါ ကူးစက်ခံရတာကြောင့် ဆေးရုံတက်ရောက်ကာ ဆေးကုသနေခဲ့ပါတယ်။ မိဘတွေ နေမကောင်းနေချိန်မှာ သူကိုယ်တိုင်ကလည်း အဝေးမှာ ရောက်နေတာကြောင့် မပြုစုပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတာပါ။ ဒီနေ့မှာတော့ မိဘနှစ်ပါးလုံး လန်းလန်းဆန်းဆန်းနဲ့ နေပြန်လည်ကောင်းလာပြီဖြစ်တဲ့ သတင်းကောင်းလေးကို သူရဲ့ My Day လေးမှာ ဝေမျှလာတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi Version


